COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၇-၆-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀)နာရီ

 

၁။ (၆-၆-၂၀၂၀)ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများပြုလုပ်ရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၃၃၅) ခုကို စစ်ဆေးခဲ့ရာ၌ -

 

• COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် မတွေ့ရှိရပါ။

 

၂။ (၇-၆-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၂၄၀)ဦး ရှိပါသည်။

 

၃။ (၆-၆-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများအနေဖြင့် -

 

• အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)မှ (ပထမအသုတ်နှင့် ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၁,၄၇၃)ခု၊

 

• ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၁၆၁)ခု၊

 

• ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL - MDY)မှ ဓာတ်ခွဲနမူနာ (၂၇၇)ခုနှင့်

 

• ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL – MLM) မှ ဓာတ်ခွဲနမူနာ (၂၃)ခု၊

 

စုစုပေါင်း ဓာတ်ခွဲနမူနာ (၁,၉၃၄)ခုအား စစ်ဆေးခဲ့ပါသည်။

 

#Ministry_of_Health_and_Sports, #MoHS, #COVID19LabResults, #ကိုရိုနာဗိုင်းရပ်စ်, #ဓာတ်ခွဲအဖြေ