COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၂၅-၃-၂၀၂၀) ရက်နေ့၊ ည (၉:၄၅) နာရီ

 

၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)မှ (၂၅-၃-၂၀၂၀) ရက်နေ့၊ ည ဓာတ်ခွဲ စစ်ဆေးမှုအဖြေများအရ စောင့်ကြည့်လူနာ (၄၀) ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုး မရှိကြောင်း (မရှိကြောင်း) တွေ့ရှိရပါသည်။ (ဇယား -၁)

 

၂။ ယခုအခါ COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက် လျက်ရှိပြီး ကမ္ဘာ့နိုင်ငံ (၁၉၅)နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားလျက်ရှိသဖြင့် ပြည်သူလူထု အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောရောဂါ ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး အသိပညာပေး အချက်အလက်များအား တိကျစွာလိုက်နာဆောင်ရွက်ရန် နှိုးဆော်အပ် ပါသည်။

၃။ ယနေ့ည ထပ်မံထုတ်ပြန်ရန် ဓာတ်ခွဲအဖြေမရှိတော့ပါ။

Ref; Ministry of Health and Sports, Myanmar

2+3+4+