COVID-19 နှင့်ပတ်သက်၍ ရုပ်ရှင်၊ ဂီတ အနုပညာရှင်များ၏ အသိပညာပေးနှိုးဆော်ရေးအစီအစဉ်

ကမ္ဘာတစ်ဝန်း COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုသည် မြန်ဆန်လျက်ရှိသည့်အတွက် မြန်မာနိုင်ငံ၌ အစိုးရအဖွဲ့အစည်းများက ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာ‌ဒေသများရှိ အရပ်ဘက် အဖွဲ့အစည်းများက ကျန်းမာရေးအသိပညာပေး နှိုးဆော်ရေးအစီအစဉ်များတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည်။ ထို့အတူ ရုပ်ရှင်၊ ဂီတ အနုပညာရှင်များကလည်း COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးနှိုးဆော်ရေး အစီအစဉ်တွင် ပါဝင်ခဲ့ကြသည်။

 

ရဲအောင်

-          နှာချေ/ချောင်းဆိုးပြီးတိုင်း၊

-          အပြင်မှပြန်လာတဲ့အခါတိုင်း၊

-          လှေကားလက်ရန်း၊ ဓာတ်လှေကားခလုတ်၊ တံခါးလက်ကိုင်တို့လို အများသုံးပစ္စည်းတွေကို ကိုင်တွယ်ပြီးတိုင်း စနစ်တကျ လက်ဆေးရပါမယ်။

 

325

 

စည်သူလွင်

-          လူနာကိုပြုစုစောင့်ရှောက်ပြီးတိုင်း၊

-          အစားအစာများကို ချက်ပြုတ်ပြင်ဆင်ပြီးတိုင်း၊

-          အစာမစားမီအချိန်တိုင်း စနစ်တကျ သန့်ရှင်းသောရေနှင့် ဆပ်ပြာကို အသုံးပြုကာ လက်ဆေးရပါမယ်။

 

852

 

ဖိုးသောကြာ

-          အိမ်သာအသုံးပြုပြီးတိုင်း၊

-          တိရစ္ဆာန်နှင့် တိရစ္ဆာန်အညစ်အကြေးများကို ကိုင်တွယ်ပြီးတိုင်း သန့်ရှင်းသောရေနှင့် ဆပ်ပြာကို အသုံးပြုပြီး စနစ်တကျ လက်ဆေးရပါမယ်။

 

963.

 

လွှမ်းပိုင်၊ ထက်ထက် (Bobby Soxer)

-          စနစ်တကျ လက်ဆေးပုံအဆင့်ဆင့်ကတော့ “ဖဝါး၊ လက်ခေါက်ချိုး၊ လက်ကြား၊ လက်မ မကျန်စေရ။ ကုတ်၍ခြစ်ပါ လက္ခဏာ၊ လက်ကောက်ဝတ်မှာ အဆုံးသတ်ပါ။”

 

96