Coronavirus Disease 2019 (COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၂၀--၂၀၂၀) ရက်နေ့၊ (:၀၀) နာရီ

 

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူ လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

 

၂။ ထိုသို့ဆောင်ရွက်ရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံကျင်းမြို့မှ (၁၁--၂၀၂၀) ရက်နေ့ တွင် ဟောင်ကောင်မှတစ်ဆင့် မြန်မာနိုင်ငံသို့ရောက်ရှိလာသော အသက် (၂၆) နှစ်အရွယ် တရုတ် ပြည်သူ့သမ္မတနိုင်ငံသား အမျိုးသား () ဦးသည် (၁၉--၂၀၂၀) ရက်နေ့တွင် ဖျားနာခြင်းခံစားခဲ့ရ သဖြင့် ပြင်ပဆေးခန်းသို့ သွားရောက်ပြသခဲ့ပြီး ထိုမှတစ်ဆင့် ဝေဘာဂီအထူးကုဆေးရုံသို့ ညွှန်းပို့ခဲ့ပါသည်။ ဝေဘာဂီအထူးကုဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ ၎င်းလူနာ ထံမှ ဓါတ်ခွဲနမူနာရယူပြီး အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့စစ်ဆေး ထားရှိပါသည်။ အဆိုပါလူနာအားစစ်ဆေးရာတွင် လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါလက္ခဏာများ မတွေ့ရှိရပါ။

 

၃။ ယနေ့ (၂၀--၂၀၂၀) ရက်နေ့၊ နေ့လည် (၁၂:၀၀) နာရီအချိန်အထိ လူနာ () ဦးအား ဆေးရုံများတွင် ဆက်လက်၍ စောင့်ကြပ်ကြည့်ရှုကုသမှုပေးခဲ့ရှိပါသည်။

 

၄။ အဆိုပါ စောင့်ကြည့်လူနာများထံမှ ဓာတ်ခွဲနမူနာများကို (၂၀--၂၀၂၀) ရက်နေ့မှစတင်၍ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှ စစ်ဆေးခဲ့ရာ (:၀၀) နာရီအထိ ရရှိသော အဖြေများအရ -

 

(က) ဝေဘာဂီအထူးကုဆေးရုံကြီးမှ အသက် (၄၀) နှစ် အရွယ် အမျိုးသား () ဦး၊

() မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှ အသက် (၂၆) နှစ်အရွယ် အမျိုးသမီး () ဦး (စင်္ကာပူနိုင်ငံတွင် ဓာတ်ခွဲအတည်ပြုလူနာဖြစ်လာသူနှင့် အနီးကပ်ထိတွေ့မှုရှိခဲ့သည့် အမျိုးသမီး) နှင့်

() ဝေဘာဂီအထူးကုဆေးရုံကြီးမှ အသက် (၂၆) နှစ် အရွယ် အမျိုးသား () ဦးစုစုပေါင်း () ဦးတို့၏ ဓာတ်ခွဲအဖြေများတွင် Coronavirus Disease 2019 (COVID-19) ဗိုင်းရပ်စ် ရောဂါပိုး မရှိပါကြောင်း (မရှိကြောင်း) စစ်ဆေးသိရှိရပါသည်။

 

၅။ ယနေ့ (၂၀--၂၀၂၀) ရက်နေ့၊ (:၀၀) နာရီအချိန်အထိ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် စောင့်ကြည့်လူနာ () ဉီးအား သက်ဆိုင်ရာဆေးရုံတွင် စောင့်ကြပ်ကြည့်ရှု ကုသမှုပေးလျက်ရှိပြီး ၄င်းတို့၏ ကျန်းမာရေးအခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိပါသည်။ လူနာများ၏ ဓာတ်ခွဲအဖြေများရရှိပါက အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်သွားမည်ဖြစ်ပါသည်။

 

၆။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးပြဌာန်းချက်နှင့် အညီ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် အိမ်နီးချင်းနိုင်ငံများ၊ နိုင်ငံအသီးသီး၏ National Focal Point for International Health Regulations များနှင့် ချိတ်ဆက်၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ (၁၉--၂၀၂၀) ရက်နေ့တွင် မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကောင်စစ်ဝန်ချုပ်ရုံး မှ ပေးပို့သောသတင်းအရ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ (၂၅--၂၀၂၀) ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူပေပြည်နယ်သို့ ထွက်ခွာသွားသည့် လေယာဉ် ပေါ်တွင် လိုက်ပါခဲ့သည့် ခရီးသည် (၁၁၉) ဦးတွင် ပါဝင်ခဲ့သော ခရီးသည် () ဦးတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ရောက်ရှိပြီး (--၂၀၂၀) ရက်နေ့နှင့် (၁၁--၂၀၂၀) ရက်နေ့တို့၌ အသီးသီး COVID-19 ရောဂါကူးစက် ခံခဲ့ရကြောင်းသတင်းပေးပို့ခဲ့ပါသည်။

 

အဆိုပါသတင်းအရ ၎င်းခရီးသည် ()ဦးသည် မန္တလေးမြို့တွင် (၂၀--၂၀၂၀) ရက်နေ့မှ (၂၄--၂၀၂၀) ရက်နေ့ အထိ နေထိုင်ခဲ့ပြီး (၂၅--၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပြန်လည်ထွက်ခွာ သွားခဲ့ခြင်းဖြစ်ကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ရောက်ရှိပြီး (--၂၀၂၀) ရက်နေ့နှင့် (၁၁--၂၀၂၀) ရက်နေ့တို့တွင် အသီးသီး COVID-19 ရောဂါကူးစက်ခံခဲ့ရခြင်းဖြစ်ပါသည်။

 

၇။ အဆိုပါ သတင်းရရှိလျှင် ရရှိချင်း မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် အဆိုပါခရီးသည်များနှင့် အနီးကပ်ထိတွေ့ခဲ့သည့် ဧည့်လမ်းညွှန်များ၊ ဟိုတယ်နှင့် စားသောက်ဆိုင် များမှ ဝန်ထမ်းများ၊ ယာဉ်မောင်းများနှင့် ၎င်းတို့၏ မိသားစုဝင်များအား ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကျန်းမာရေးအခြေအနေများ ကောင်းမွန်လျက်ရှိကြောင်းတွေ့ရှိရပြီး ရောဂါလက္ခဏာ များ ပေါ်ပေါက်ပါက ကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ် သတင်းပို့ရန်နှင့် ရောဂါကာကွယ်ရေး နည်းလမ်းများအား ကျန်းမာရေးအသိပညာပေး၍ ရောဂါကူးစက်ခံရမှု ရှိ/မရှိကို လုပ်ငန်းလမ်းညွှန်များနှင့် အညီ ဆက်လက်၍စောင့်ကြပ် ကြည့်ရှုလျက်ရှိပါသည်။

 

Crd-Ministry of Health and Sports