စဉ့်ကူးမြို့နယ်တွင်  ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆောင်ရွက်ခြင်း သင်တန်းဖွင့်

မတ္တရာ  ၂၇  ဇန်နဝါရီ

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် စဉ့်ကူးမြို့နယ်တွင် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆောင်ရွက်ခြင်း သင်တန်းကို ယနေ့ နံနက် ၉ နာရီက စဉ့်ကူးမြို့နယ် ပင်လယ်ကြီးစခန်းတွင် ဖွင့်လှစ်ခဲ့သည်။

 

273

 

သင်တန်းဖွင့်ပွဲတွင် ပြင်ဦးလွင်ခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစောခိုင်ဦးမှ အဖွင့်အမှာစကား ပြောကြားပြီး ပြင်ဦးလွင်ခရိုင်အတွင်းရှိ ပြင်ဦးလွင်၊ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ မိုးကုတ်မြို့နယ်တို့မှ ဒေသခံပြည်သူ သင်တန်းသား ၂၀ အား အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ သင်ကြားပို့ချခဲ့သည်။ 

အဆိုပါ သင်တန်းကို ဒေသခံပြည်သူများအတွက် သစ်နှင့် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်း အစရှိသည့် သစ်တောနှင့် သစ်ပင်ဆိုင်ရာ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်၊ အလုပ်အကိုင်နှင့် ဝင်ငွေအခွင့်အလမ်းများရရှိပြီး ဆင်းရဲမှု လျော့နည်းစေရန်၊ သစ်တောဖုံးလွှမ်းသည့်ဧရိယာ ဖွံ့ဖြိုးတိုးတက်လာပြီး ရေရှည့်တည်တံ့စေရန်နှင့် စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရန်၊ ပြည်သူပူးပေါင်းပါဝင်သော သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်မှုစနစ်ကို မြှင့်တင်ရန်နှင့် သစ်တော ပြုန်းတီးခြင်းနှင့် အရည်အသွေးကျဆင်းခြင်းတို့ကို ကာကွယ်ထိန်းသိမ်းခြင်းဖြင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျော ညီထွေဖြစ်စေရေး အထောက်အကူဖြစ်စေနိုင်သည့် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများ တိုးပွားလာစေရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင် သစ်တောဦးစီးဌာနမှ သိရသည်။

 

271

 

အဆိုပါသင်တန်းကို ဇန်နဝါရီ ၂၇ ရက်မှ ၃၁ ရက်နေ့အထိ ၅ ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)