စဉ့်ကိုင်မြို့နယ်၌ မသန်စွမ်းသူများနှင့် ပတ်သက်သည့် အသိပညာပေးဆွေးနွေးပွဲ ဆောင်ရွက်

စဉ့်ကိုင်   စက်တင်ဘာ  ၁၅

 

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍  စက်တင်ဘာ(၁၅)ရက်  နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် မသန်စွမ်းသူများနှင့်ပတ်သက်သည့် အသိပညာပေးဆွေးနွေးပွဲ   ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဆွေးနွေးပွဲတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်၀င်း၀င်းသန်းက မသန်စွမ်းသူများနှင့် ပတ်သက်သည့် အသိပညာပေး ဆွေးနွေးပွဲ ကျင်းပရသည့်  ရည်ရွယ်ချက်ကို   ရှင်းလင်းဆွေးနွေးခဲ့ပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း  (ဥက္ကဋ္ဌ)    စာရေးဆရာရှေ့နေ     ဦး၀င်းကြည်က မသန်စွမ်းသူ အမျိုးအစားများ၊  မသန်စွမ်းသူများ အတွက် ပြဋ္ဌာန်းထားသည့် အခွင့်အရေးများ၊ အလုပ်အကိုင် အခွင့်အလမ်းရရှိမှု၊ မသန်စွမ်းသူများအပေါ် ခွဲခြားဆက်ဆံခြင်း၊  အနိုင်အထက်ပြုခြင်းများရှိခဲ့လျှင် ဥပဒေအရ အကာအကွယ်ပေးနေမှု အခြေအနေများ၊ မသန်စွမ်းသူများအနေဖြင့်လည်း နိုင်ငံရေးနှင့်ပြည်သူများအတွက် တစ်ဖက်တစ်လမ်းမှလည်း ကူညီဆောင်ရွက်ပေးနေမှု မသန်သော်လည်း စွမ်းဆောင်နေမှု အခြေအနေများကို ဆွေးနွေးပြောကြားခဲ့သည်။

           

ဆက်လက်၍ တရားလွှတ်တော်ရှေ့နေ YouthClub အတွင်းရေးမှူး ဦးတိုက်ကြည်ကလည်း မသန်စွမ်းသူများအနေဖြင့် မြန်မာနိုင်ငံတွင် ၁၉၅၈-ခုနှစ်ကတည်းက မသန်စွမ်းသူများ၏ အလုပ်အကိုင်ရရှိမှု  အခွင့်အရေးများဆိုင်ရာ အက်ဥပဒေကို ပြဌာန်းခဲ့ပြီး ၂၀၁၅-ခုနှစ်မှာလည်း   မသန်စွမ်းသူများနှင့်  ပတ်သက်သည့်   အခွင်အရေးဆိုင်ရာ တန်းတူညီမျှ ရရှိစေရေး  ဥပဒေများကိုလည်း ပြဌာန်းခဲ့ပါကြောင်း  မသန်စွမ်းသူများ အနေဖြင့် မသန်ပေမဲ့လည်း စွမ်းဆောင်နိုင်သူများဖြစ်သည့်  အတွက်  စိတ်ဓာတ်ခွန်အား ကျစရာမလိုကြောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး စဉ့်ကိုင်မြို့နယ်  အနေဖြင့်  လူမှု၀န်ထမ်းဦးစီးဌာနမှ  ကျန်ရှိနေသည့်  မသန်စွမ်းသူများကိုတစ်ဦးလျှင် ငွေကျပ် (၃၀၀၀ဝ)  နှုန်းထောက်ပံ့ပေးအပ်ခဲ့ရာ ရပ်ကွက် /ကျေးရွာအုပ်စု(၅၃)အုပ်စုမှ  မသန်စွမ်းသူ (၄၀၇) ဦး အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ံအုပ်ချုပ်ရေးအ

၀င်း၀င်းသန်း(စဉ့်ကိုင်)