စင်ကာပူနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူ ၈၆ ဦး ရှိ

၁၇ ဩဂုတ်

 

 

စင်ကာပူနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ရသူ ၈၆ ဦး ရှိပြီး ကူးစက်ခံရသူ စုစုပေါင်း ၅၅၇၄၇ ဦး ရှိလာကြောင်း စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

 

 

ထပ်မံကူးစက် ခံရသူများအနက် ခြောက်ဦးမှာ ပြည်ပမှ ပြန်ရောက်လာသူများဖြစ်ကြောင်း၊ နှစ်ဦးမှာ လူအုပ်စု ကူးစက်မှုဖြစ်ပြီး ကျန်ရှိသူများမှာ နိုင်ငံခြားသား အလုပ်သမားများ၏ အိပ်ဆောင်များနှင့် ဆက်စပ် ကူးစက်ခဲ့ခြင်း ဖြစ်သည်။

 

 

ကူးစက်ရောဂါ ဖြစ်ပွားသူများအနက် ၄၃၂ ဦး ထပ်မံကျန်းမာရေး ပြန်လည် ကောင်းမွန်လာသဖြင့် သီးသန့်ခွဲခြားထားရာ နေရာများ သို့မဟုတ် ဆေးရုံများမှ ယမန်နေ့က ဆင်းသွားခဲ့ပြီ ဖြစ်သည်။

 

 

ထိုရောဂါ ကူးစက်ခံရမှုမှ အပြည့်အဝ ပြန်လည် သက်သာလာသူ စုစုပေါင်း ၅၁၉၅၃ ဦး ရှိပြီး ဆေးရုံများ သို့မဟုတ် သီးသန့်ပြုစု စောင့်ရှောက်ထားရာ နေရာများမှ ဆင်းသွားခဲ့ပြီး ဖြစ်ကြောင်း ထိုဝန်ကြီးဌာန က ပြောကြားခဲ့သည်။

 

 

ဆေးရုံတွင် ယခုလက်ရှိ ကုသမှုခံယူနေသူ အတည်ပြု လူနာ ၈၂ ဦး ရှိသည်။ ၎င်းတို့အနက် အများစုမှာ ရောဂါ အခြေအနေ တည်ငြိမ်နေပြီး သို့မဟုတ် တိုးတက်ကောင်းမွန်မှု ရှိပြီး အထူးကြပ်မတ်ဆောင်တွင် အခြေအနေ စိုးရိမ်ရသူ တစ်ဦးတစ်ယောက်မျှ မရှိကြောင်း ဖော်ပြထားသည်။

 

 

စင်ကာပူနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက် ခံရမှုကြောင့် သေဆုံးသူ ၂၇ ဦး ရှိသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို