စင်ကာပူနိုင်ငံ၌ အသက်ငါးနှစ်မှ ၁၁ နှစ်အရွယ် ကလေးငယ် တစ်သိန်းကျော် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးပြီဖြစ်

စင်ကာပူ ဇန်နဝါရီ ၁၇

 

စင်ကာပူနိုင်ငံ၌ အသက်ငါးနှစ်မှ ၁၁ နှစ်အရွယ် ကလေးငယ် တစ်သိန်းကျော်အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးပြီးဖြစ်ကြောင်း စင်ကာပူနိုင်ငံ ပညာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၅ ရက်တွင် ပြောကြားသည်။ ။

 

ယင်းအရေအတွက်သည် စင်ကာပူနိုင်ငံ ပညာရေးဝန်ကြီးဌာနအောက်ရှိ မူလတန်းကျောင်းများမှ မူလတန်းကျောင်းသား အားလုံး၏ ၄၀ရာခိုင်နှုန်းခန့်အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးပြီးဖြစ်ခြင်းကို ဆိုလိုကြောင်း သိရသည်။

 

စင်ကာပူနိုင်ငံ၌ အဆိုပါ အသက် ငါးနှစ်မှ ၁၁ နှစ်အရွယ် ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံမှုကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၇ ရက်တွင် စတင်ထိုးနှံပေးခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံမှုခံယူပြီးဖြစ်သည့် အသက် ငါးနှစ်မှ ၁၁ နှစ်အရွယ် ကလေးငယ် များအား ဇန်နဝါရီ ၁၇ ရက်တွင်မူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

 

ကိုးကား - စီအင်န်အေ

ဘာသာပြန် - အလင်းသစ်