စနစ်တကျ လယ်ယာမြေဧက ( ၁၀၀ ) အတွင်း၌ စက်များဖြင့် ရိတ်သိမ်းခြွေလှေ့ခြင်း၊ ကောက်ရိုးထုံးခြင်းနှင့် ထွန်ယက်ခြင်း ပညာပေး သရုပ်ပြပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ လက်တောင်းကြီးကျေးရွာ စနစ်တကျ လယ်ယာမြေဧက(၁၀၀)အတွင်းရှိ တောင်သူဦးတိုးမြင့်၏ ကွင်းအမှတ် ၉၀၅ လယ်ယာမြေပေါ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊  စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၄၁)  စက်မှုလယ်ယာစခန်း( ယင်းမာပင် )က  ကြီးမှူး၍   ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခြွေလှေ့ခြင်း၊   ကောက်ရိုးထုံးစက်ဖြင့် ကောက်ရိုးထုံးခြင်းနှင့် ထွန်စက်ဖြင့် ထွန်ယက်ရေးပညာပေး သရုပ်ပြပွဲကို ဒီဇင်ဘာ ၁၄ရက် နံနက် ၁၀နာရီက ကျင်းပခဲ့ကြောင်း သိရသည်။ 
 
 
ရှေးဦးစွာ ပုလဲမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ(ကိုယ်စား) အဖွဲ့ဝင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ဝင်းစိုးက အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ယင်းမာပင် မြို့၊  အမှတ်( ၄၁ )  စက်မှုလယ်ယာစခန်း တာဝန်ခံ  ဦးစီးအရာရှိ ဦးမင်းနိုင်က   လယ်ယာကဏ္ဍ စိုက်ပျိုးမှု ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု  စီမံကိန်း  (  Agricultural Development   Support   Project ) အစီအစဉ်အရ  ရိတ်သိမ်းခြွေလှေ့စက် (Combine) ဖြင့် ရိတ်သိမ်းခြွေလှေ့ခြင်း၊ ကောက်ရိုးထုံးစက် (Baler)ဖြင့် ကောက်ရိုးထုံးခြင်းနှင့်ထွန်စက်( Tractor ) ဖြင့် ထွန်ယက်ရေးပညာပေး သရုပ်ပြပွဲ ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထိုနောက် ယင်းမာပင်မြို့၊ အမှတ် (၄၁) စက်မှုလယ်ယာစခန်းမှ ဝန်ထမ်းများက ရိတ်သိမ်းခြွေလှေ့စက်ဖြင့်   ရိတ်သိမ်းခြွေလှေ့ခြင်း၊   ကောက်ရိုးထုံးစက်ဖြင့် ကောက်ရိုးထုံးခြင်းနှင့်     ထွန်စက်ဖြင့် ထွန်ယက်ရေးပညာပေး  သရုပ်ပြမောင်းနှင်မှုများကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေလင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး ဦးစီးအရာရှိ ဦးအောင်ထွန်းမြင့်၊ ဒုတိယမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးထွန်းထွန်းအေး၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းဦး၊    မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ရေးဦးစီးဌာန ဦးစီးအရာရှိ  ဦးကျော်စိုးအောင်၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများ၊ လက်တောင်းကြီး ကျေးရွာ၊ အလယ်ဘုံ ကျေးရွာနှင့် ကုက္ကိုစုကျေးရွာများမှ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စိတ်ပါဝင်စားသည့် တောင်သူ ၅၀ဦးကျော်တို့က   ကြည့်ရှုလေ့လာခဲ့ကြပြီး    စက်များနှင့်   ပတ်သက်၍   သိရှိလိုသည့် အချက်အလက်များကို မေးမြန်းဆွေးနွေးရာ ယင်းမာပင်မြို့၊ အမှတ်(၄၁)စက်မှုလယ်ယာစခန်း တာဝန်ခံ  ဦးစီးအရာရှိ   ဦးမင်းနိုင်က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
 
 
အဆိုပါ   စပါးရိတ်သိမ်းခြွေလှေ့စက်နှင့်   လယ်ထွန်စက်များကို အရစ်ကျစနစ်ဖြင့်  ဝယ်ယူလိုသည့်  တောင်သူများရှိပါက အမှတ်( ၄၁) ၊ စက်မှုလယ်ယာစခန်း၊ ယင်းမာပင်မြို့၊ ဖုန်း၀၇၁-၇၃၀၃၁နှင့် 
ခရိုင်စက်မှုလယ်ယာဦးစီးဌာန၊ မုံရွာမြို့ ဖုန်း ၀၇၁- ၂၂၄၃၆သို့   ဆက်သွယ်၍   စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။
 
 
မင်းခန့်စိုး(ဇေယျာမြေ)