စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အဖွဲ့ဝင်များ တာချီလိတ်မြို့နယ် အတွင်းရှိ ဆည်တမံများကို ကြည့်ရှုစစ်ဆေး

တာချီလိတ် ၂  ဩဂုတ်

 

စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်၊ ညွန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော်နှင့် အဖွဲ့ဝင်များသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စုတွင် စံပြစပါးစိုက်ပျိုးထားသော လယ်မြေနှင့် လယ်မြေများအား ရေပေးဝေသည့် ရေထိန်းတံခါးပြုပြင် တည်ဆောက်ပြီးစီးမှုကို ယမန်နေ့က သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ ဒုတိယနေ့တွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့ဝင်များသည် မိုင်းဖုန်း(က)ကျေးရွာအုပ်စု ဝမ်ပုံကျေးရွာအနီးရှိ ဝမ်ပုံဆည်၊ မြေတားတမံ ရေလှောင်ကန် သို့သွားရောက်ကြည့်ရှုခဲ့သည်။

 

ဝမ်ပုံဆည် ရေလှောင်ကန်မှ စိုက်ပျိုးလယ်မြေများအကျိုးပြုပုံကို ဦးဟန်ထွန်း၊ ဦးစီးအရာရှိ(မြို့ပြ)ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမြမြေပုံနှင့် တစ်ကွ ရှင်းလင်းပြသခဲ့သည်။

 

ဝမ်ပုံဆည်သည် မြေတားတမံ အမျိုးအစားရေလှောင်ကန်ဖြစ်ပြီး လယ်မြေ(၁၆၄)ဧကကို ဆည်ရေ ပေးဝေနိုင်ခဲ့ပြီး ယခုအချိန်တွင် ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကြောင့် ဆည်အတွင်းသို့ ရေဝင်ရောက်စီးဆင်းမှု လျော့နည်းလာခဲ့ပြီး စိုက်ပျိုးရေးအတွက် ရေအခက်အခဲ ကြုံတွေ့လာနေရသဖြင့် ရေရှည်တွင်ထိုကဲ့သို့ အခက်အခဲများ မဖြစ်ပေါ်စေရန် မြေပြင်တွင် ကွင်းဆင်း၍ စူးစမ်းလေ့လာမှုပြုကာ ရေထုတ်ပြွန် တည်ဆောက်ခြင်းနှင့် ရေပိုလွှဲများ ပြုပြင်တည်ဆောက်သွားနိုင်ရန် စီမံဆောင်ရွက်သွားရန်ရှိကြောင်း သိရှိရသည်။

 

ယာဆေး(ပြန်/ဆက်)