စိတ်ဝင်စားကြသော ချင်းရိုးရာအိမ်ကလေး

ဟားခါး မတ် ၁

 

ဟားခါးမြို့နယ် ဈေးသစ်ရပ်ကွက် တောင်ဇလပ်လမ်း အိမ်အမှတ် (၂၈၀)ရှိ ဦးသန်းကီး၊ ဒေါ်ဆွေလျန်းကို မသိသူမရှိကြပေ။ ၎င်းတို့နေ သော အိမ်လေးက ရိုးရာအိမ်လေး၊ အိမ်က သစ်သားအိမ်လေး၊ ခြံအဝတွင် ရိုးရာပန်းချီ များကို ဆေးရောင်စုံရေးခြယ်ထားသည်။ အိမ်အပေါက်ဝင်သည်နှင့် Warmly Welcome ဟူသောစာကို တွေ့ရသည်။

 

အိမ်သို့ ဝင်လိုက်သည်နှင့် အောက်ချင်း ငှက်ခေါင်းများ၊ နွားနောက်ခေါင်းများ၊ ကျွဲချို၊ နွားချို၊ တောဝက်ခေါင်း၊ တောဆိတ်ချို၊ တောခွေးချို၊ ချေချိုများကို နံရံအပြည့်ချိတ်ဆွဲ ထားသည်ကို တွေ့ရသည်။ ပြီးသည်နှင့် မြေအောက်ထပ်တွင် လှံများ၊ မောင်းမျိုးစုံ၊ သမိုင်းဝင်ဓာတ်ပုံများ၊ ချင်းရိုးရာဝတ်စုံ ဝတ်ဆင်ထားသော ရုပ်ပုံများ၊ ချင်းလူမျိုးများ ရိုးရာခြင်းတောင်းနှင့် မုန့်ကြိတ်ဆုံများ၊ ဓား များကို အခန်းထဲအပြည့် တွေ့ရသည်။

 

၎င်းအပြင် ချင်းဘာသာဖြင့် Sai ha mi Zoyamindia's' Bison(2017 ဟု ရေးထားသော စာကိုလည်းတွေ့ရသည်။ ချင်း အမျိုးသားနေ့ဖြစ်ပေါ်လာရေးအတွက် ချင်း လူကြီးရာထူးမှ ရုပ်သိမ်းခံရသော ချင်း လူကြီးများ၏ ဓာတ်ပုံများကိုလည်း တွေ့ရ သည်။ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၂၀ရက် (ချင်းပြည်နယ် ဖလမ်းမြို့)ဟု ရေးသားထား သော ဓာတ်ပုံများကိုလည်းတွေ့ရသည်။

 

အိမ်ပတ်လည်တွင်လည်း ချင်းရိုးရာ အသုံးအဆောင်များအပြင် အိမ်အပြင်ဘက် တွင် အောင်မြင်ခြင်း အထိမ်းအမှတ် ဝါးတိုင် ပေါ်တွင် ပန်းဖွားများဖြင့် ချိတ်ဆွဲထားသည်ကို ထင်ရှားစွာ တွေ့ရသည်။ အနယ်နယ် အရပ်ရပ်မှ ဧည့်သည်များက ချင်းရိုးရာ အိမ်ကလေးကို စိတ်ပါဝင်စားစွာ ကြည့်ရှုကြ ကြောင်း ဦးသန်းကီးက ပြောပြသည်။ ၎င်းက ဆတ္တားရွာသားဖြစ်သော်လည်း ရိုးရာပစ္စည်း များကို နှစ် ၃၀ကျော် ဝယ်၍လည်းကောင်း၊ စုဆောင်း၍လည်းကောင်း၊ လက်ဆောင်ရ၍ စုထားကြောင်း ရှင်းပြသည်။ ၎င်းက အဆိုပါ အိမ်လေးအတွက် များစွာဂုဏ်ယူနေသည်။

 

ဟားခါးမြို့တော်တွင် ရိုးရာအိမ်လေးက သူ့တစ်အိမ်တည်းသာ အစုံအလင်ရှိသည်။ သူဂုဏ်ယူသည်။ ဟားခါးမြို့ မြို့သူ မြို့သား များကလည်း ဂုဏ်ယူကြသည်။ နောင်လာ နောက်သားများကို လေ့လာသိရှိစေရန်၊ သူ့ရိုးရာအိမ်လေးက ရှေးဘိုးဘွားတို့၏ ယဉ်ကျေးမှုကို သက်မဲ့စကားလုံးများဖြင့် အမြဲပြောပြနေမည် ဖြစ်ပါသည်။

 

မင်းလပြည့်(ဟားခါး)

 

53595885_20