စီးရီးအေပွဲစဉ်(၁၇) ရိုးမားနှင့်အင်တာမီလန်တို့ သရေကျ

၁၁  ဇန်နဝါရီ

အီတလီစီးရီးအေပွဲစဉ် (၁၇)မှ ဇန်နဝါရီ ၁၀ ရက်တွင် ရောမမြေ၌ ယှဉ်ပြိုင်ခဲ့သည့် ရိုးမားနှင့်အင်တာမီလန် ပွဲစဉ်တွင် တစ်ဖက်နှစ်ကိုးစီ သရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။

ယင်းပွဲစဉ်တွင် အိမ်ရှင်ရိုးမားအသင်းသည် ၃-၄-၂-၁ ကစားကွက် ဖြင့် ဒီဇီကို ကို အထောင်တိုက်စစ်နေရာတွင် အသုံးပြုခဲ့သည်။ ဧည့်သည် အင်တာမီလန်အသင်းသည် ၃-၅-၂ ပုံစံဖြင့် တိုက်စစ်တွင် မာတီနက်နှင့် လူကာကူတို့ ပွဲထွက်လာသည်။

ပထမပိုင်းပွဲချိန် ၁၇ မိနစ်တွင် ပယ်လီဂရီနီက အိမ်ရှင်ရိုးမားအတွက်အဖွင့် ဂိုးသွင်းယူခဲ့ပြီး ပထမပိုင်းကို ဦးဆောင်ခဲ့သည်။ ဒုတိယပိုင်းပွဲချိန် ၅၆ မိနစ်တွင် ရှက်ရီနီယာက အင်တာအတွက် ချေပဂိုးသွင်းယူခဲ့ပြီး ၆၃ မိနစ်တွင် ဟာကိမိက ဦးဆောင်ဂိုးအဖြစ် သွင်းယူခဲ့ရာ အင်တာအသင်း နှစ်ဂိုးတစ်ဂိုးဖြင့် ဦးဆောင်ခဲ့သည်။

ရိုးမားအသင်းသည် လက်ကျန်အချိန်အတွင်း ချေပဂိုးရရှိရန် ဘောလုံးပိုင်ဆိုင်မှု ပြန်လည်ရယူနိုင်ခဲ့ပြီး ပွဲပြီးခါနီး ၈၆ မိနစ်တွင် နောက်တန်းကစားသမား မီနီက ရိုးမားအတွက် ချေပဂိုးသွင်း ယူပေးခဲ့သည်။ ယနေ့ပွဲတွင် ဘောလုံး ပိုင်ဆိုင်မှုမှာ မကွာခဲ့ဘဲ ဂိုးကန်သွင်းခွင့်အနေဖြင့် ရိုးမားက ၁၄ ကြိမ် ကန်သွင်းခွင့်ရခဲ့ပြီး ရှစ်ကြိမ် ဂိုးပေါက် ခြိမ်းခြောက်နိုင်ခဲ့သည်။ အင်တာအသင်းသည် ဂိုးကန်သွင်းခွင့် ၁၇ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ခြောက်ကြိမ် ဂိုးပေါက် ခြိမ်းခြောက်နိုင်ခဲ့သည်။

စီးရီးအေပွဲစဉ် (၁၇) ယှဉ်ပြိုင်အပြီးတွင် အင်တာမီလန်က ရမှတ် ၃၇ မှတ်ဖြင့် ရိုးမားကို သုံးမှတ် ဖြတ်ထားနိုင်ခဲ့ပြီး ဇယားထိပ်တွင် ရမှတ် ၄၀ ဖြင့် အေစီမီလန်ကရပ်တည် နေသည်။

သီဟ