စီးပွားရေးဝန်းကျင်ကောင်းကိုဖန်တီးခြင်းစကားဝိုင်းကျင်းပ

တာရာ

 

စီးပွားရေးဝန်းကျင်ကောင်းကိုဖန်တီးခြင်းစကားဝိုင်းကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှရိုက်ကူးထုတ်လွှင့်ခဲ့သည်။ အဆိုပါစကားဝိုင်းဆွေးနွေးပွဲတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဦးသူရိန်လွင်က အစီအစဉ်မှူးအဖြစ်ဆောင်ရွက်ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုး(စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရလွယ်ကူမှုအထောက်အကူပြုအဖွဲ့၊ အတွင်းရေးမှူး)၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ငြိမ်းအောင် (ပိုင်ဆိုင်မှုမှတ်ပုံတင်ခြင်းအညွှန်းကိန်းဆိုင်ရာအထောက်အကူပြုအဖွဲ့၊ အတွင်းရေးမှူး)၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ပြည်ထောင်စု တရားစီရင်ရေးကြီးကြပ်မှုရုံး ဥပဒေလုပ်ထုံးလုပ်နည်းဌာန ညွှန်ကြားရေးမှူး ဒေါ်ထားထား (ပဋိညာဉ်များအတည်ပြုဆောင်ရွက်ခြင်း အညွှန်းကိန်းဆိုင်ရာအထောက်အကူပြုအဖွဲ့၊ အတွင်းရေးမှူး)နှင့် Zeya & Associate Co.,Ltd. Chairman/CEO ဦးဇေယျသူရမွန် (ပုဂ္ဂလိကကဏ္ဍကိုယ်စားလှယ်) တို့ကပါဝင်ဆွေးနွေးခဲ့သည်။


အစီအစဉ်မှူး။ ။ Enforcing Contract Indicator ဆိုင်ရာ အထောက်အကူပြုအဖွဲ့ အနေနဲ့မြန်မာနိုင်ငံရဲ့ Ease of Doing Business အခြေ အနေအလားအလာကို ဘယ်လိုများမျှော်လင့်ထားပါ သလဲ။


ဒေါ်ထားထား။ ။ Enforcing Contract Indicator နဲ့ပတ်သက်လို့ ၁၈ မှတ်ပေးထား ပါတယ်။ တရားရုံးဖွဲ့စည်းပုံနဲ့ လုပ်ထုံးလုပ်နည်းက ငါးမှတ်၊ မှုခင်းစီမံခန့်ခွဲမှုက ခြောက်မှတ်၊ နည်းပညာသုံးတရားရုံးက လေးမှတ်၊ အငြင်းပွားမှုကို အခြားနည်းဖြင့်ဖြေရှင်း ဆောင်ရွက်ခြင်းကို သုံးမှတ်ပေးထားပြီး စုစုပေါင်း ၁၈ မှတ်မှာ အခု ကျွန်မတို့က လေးမှတ်ပဲရပါသေးတယ်။ အဲဒီတော့ ဆောင်ရွက်စရာတွေအများကြီး ကျန်ပါသေး တယ်။
ဆောင်ရွက်မယ့် လုပ်ငန်းလုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ကာလလတ်၊ ကာလရှည်စီမံချက်တွေ ရေးဆွဲဆောင်ရွက်ဖို့ရှိပါတယ်။ တစ်ခုပြောချင်တာက ကျွန်မ တို့ရဲ့အညွှန်းကိန်းက အညွှန်းကိန်း ၁ဝ ခုထဲမှာ အမှတ်ရဖို့ အခက်ခဲဆုံးအညွှန်းကိန်းလို့ ကမ္ဘာ့ဘဏ်က ပြောထားပါ တယ်။ သူကဥပဒေမူဘောင်တွေပါတယ်။ နိုင်ငံတကာ စံနှုန်းတွေပါတဲ့အပြင် အိုင်တီနည်းပညာတွေလည်း ပါပါ တယ်။


ပြည်ထောင်စုတရားလွှတ်တော်ချုပ်က တရားစီရင် ရေးပြုပြင်ပြောင်းလဲမှုနဲ့ပတ်သက်ပြီး မဟာဗျူဟာ စီမံကိန်း၂၀၁၈ - ၂၀၂၂ ကိုရေးဆွဲပြီး ဆောင်ရွက်လျက် ရှိပါတယ်။ ဒီမဟာဗျူဟာစီမံကိန်းကို USAID ကအဓိက ပံ့ပိုးပြီး အခြားနိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ပံ့ပိုးမှု လက်ရှိအခြေအနေတွေနဲ့ အားလုံးကိုပေါင်းစပ်ပြီး နိုင်ငံတကာအဆင့်မီရေးဆွဲထားတဲ့ မဟာဗျူဟာစီမံချက် ဖြစ်တဲ့အတွက် အညွှန်းကိန်းသတ်မှတ်ချက်တွေအားလုံးကို ခြုံငုံမိတယ်လို့ သတ်မှတ်လို့ရပါတယ်။


ဒါကြောင့် ဒီမဟာဗျူဟာစီမံကိန်းကို အောင်မြင် အောင်ဆောင်ရွက်နိုင်ရင် အညွှန်းကိန်းကလည်း အောင် မြင်လာမှာဖြစ်တဲ့အပြင် တရားစီရင်ရေးကဏ္ဍကလည်းတိုးတက်လာမှာဖြစ်ပါတယ်။ အဲဒါကြောင့် မဟာဗျူဟာ စီမံကိန်းကြီးအောင်မြင်ဖို့အတွက် အမှုသည်တွေ၊ ရှေ့နေ တွေအပါအဝင် တရားရုံးနဲ့သက်ဆိုင်သူတွေအားလုံးကကျွန်မတို့နဲ့ပူးပေါင်းပါဝင်ပြီး မဟာဗျူဟာစီမံကိန်းကြီးအောင်မြင်ဖို့ ဝိုင်းဝန်းဆောင်ရွက်ပေးဖို့လိုပါတယ်လို့ တိုက်တွန်းလိုပါတယ်။


အစီအစဉ်မှူး။ ။ပုဂ္ဂလိကကဏ္ဍအနေနဲ့ ၂၀၂ဝ မှာ Overall Benefit ရှိပါသလား ခင်ဗျာ။


ဦးဇေယျသူရမွန်။ ။မြန်မာနိုင်ငံထဲမှာ ယှဉ်ရင်ကျွန်တော်တို့က Overall Benefit ဖြစ်ပါတယ်။ ကျွန်တော်တို့က နိုင်ငံခြောက်ခုထက် ပိုသာ လာပါတယ်။ ကျွန်တော်တို့က နိုင်ငံထဲမှာ Benefit ဖြစ်တယ်။ ဒေသတွင်း Regional နဲ့ယှဉ်ရင် ကျွန်တော် တို့က မီဖို့လိုပါသေးတယ်။ ဒါပေမယ့် ကျွန်တော်က ဒီနှစ်မှာတော့ တော်တော်လေးအားရတယ်။ ရှေ့လျှောက် လည်း ဒီထက်ပိုအားရစရာတွေလုပ်ဖို့ရှိသွားပြီ။ ဌာနဆိုင်ရာ လမ်းကြောင်းလည်း တော်တော်လေးနားလည်သွားပြီ။


အရင်တုန်းက ဘယ်လိုဖြစ်သလဲဆိုတော့ ကျွန်တော့် အမြင်က နိုင်ငံတော်ကစီးပွားရေးတွေအားလုံးကို တာဝန်ယူ ခဲ့တယ်။ ပုဂ္ဂလိကကဏ္ဍကိုမရအောင်၊ ခက်အောင်ကို အကုန် လုံးကလုပ်ထားတဲ့အနေအထားရှိပါတယ်။ Regulation တွေကအစ၊ အစိုးရအရာရှိတွေဘက်ကအမြင်ကိုကအစ စီးပွားရေးလုပ်ရတာမရအောင်၊ ခက်အောင် အဲဒီလိုမျိုးနဲ့ ထားတယ်။ အဲဒီလိုမျိုးနဲ့ ကျွန်တော်တို့က ဖြတ်သန်းခဲ့ပါ တယ်။


အဲဒီကနေ ကျွန်တော်တို့က ပြုပြင်ပြောင်းလဲရေး ပြန်လုပ်တဲ့အခါ အခုအချိန်မှာ ဌာနဆိုင်ရာတွေကလည်း စီးပွား ရေးလုပ်ငန်းတစ်ခုလာရင် လွယ်အောင်လုပ်ပေးရမယ်။ အချိန်မြန်မြန်နဲ့ပြီးအောင် လုပ်ပေးရမယ်။ ငွေရေးကြေးရေး သက်သက်သာသာဖြစ်ရမယ်။ Procedure တွေ၊ လုပ်ငန်းအဆင့်တွေလျှော့နိုင်သမျှလျှော့ရမယ်ဆိုတဲ့ Concept က ဝင်သွားပြီ။ Regulator တွေအားလုံးရဲ့ခေါင်းထဲမှာ ဝင်သွား တာပါ။ ဟိုးထိပ် ခေါင်းဆောင်ပိုင်း၊ နိုင်ငံတော်သမ္မတ အထိ စီးပွားရေးလုပ်ငန်းကို ဘယ်လိုလုပ်ပေးရမလဲဆိုတာ အဲဒါ ဒီနှစ်ကသက်သေပါ။


ဒီနှစ်က မြန်မာနိုင်ငံရဲ့အဆင့် ခြောက်ခု တက်တယ်။ အရင် တုန်းကဆိုရင် လည်နေပြီး အဆင့်၁၇၁၊ အချို့နှစ်တွေမှာ ဆိုရင် ကျတောင်သွားပါသေးတယ်။ ကျွန်တော့်အမြင်က Regulator တွေအားလုံး လမ်းကြောင်းမြင်သွားပြီ၊ တွေ့သွား ပြီ၊ သိသွားပြီ။ ဒေသတွင်းနဲ့ဘယ်လောက်ကွာတယ်ဆိုတာလည်း ကျွန်တော်တို့ကသိသွားပြီ။ တချို့ Regulator တွေဆိုရင် အားရဖို့ကောင်းတာက ဒေသတွင်းနိုင်ငံတွေ ထက် ပိုကောင်းပါတယ်။

ဥပမာ ကျွန်တော်တို့ရဲ့ Starting a business ဆိုရင် အာရှ - ပစိဖိတ်ဒေသတွင်းမှာ နိုင်ငံတွေအားလုံး ပျမ်းမျှယူထားတဲ့အမှတ်ထက် ကျွန်တော်တို့ရဲ့အမှတ်က ပိုကောင်းပါတယ်။ Starting a business ဆိုရင် ကျွန်တော် တို့က ပြောစရာမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကုမ္ပဏီ တစ်ခုမှတ်ပုံတင်တော့မယ် Registration လုပ်တော့မယ်ဆိုရင် အွန်လိုင်းနဲ့ အိမ်ကနေလည်းလုပ်လို့ရတယ်၊ နိုင်ငံခြားကနေ လည်း လုပ်လို့ရတယ်။ Registration လုပ်တာတော်တော် လွယ်သွားပြီ။ လွယ်တာမှ Regional Average ထက်ကို ပိုလွယ်နေတယ်ဆိုတော့ တော်တော်လေးကိုကောင်းပါ တယ်။


ထိုနည်းလည်းကောင်းပဲ Dealing with Construction Permit ဆိုရင် စက်ရုံတစ်ခုတည်ဆောက်မယ်၊ လုပ်ငန်း တစ်ခု တည်ဆောက်မယ်ဆိုရင် အဲဒါလည်း Regional Average ထက်ကိုသာသွားပြန်ရော။ Registering Property ဆိုရင်လည်း Regional Average နားကို တစ်မှတ် ပဲ လိုပါ တော့တယ်။ ဒီသုံးခုက တကယ့်ကိုဒေါင်ဒေါင်မြည်ဌာန တွေဖြစ်သွားပြီ။ ကျန်တဲ့အညွှန်းကိန်းတွေကလည်း ကြိုးစားနေပါတယ်။


အမြဲတမ်းအတွင်းဝန်ပြောသလိုပဲ အချို့ဌာနတွေက အမှတ်မတက်လာဘူး။ မတက်လာပေမယ့် သူတို့ရဲ့လုပ်ငန်း အနေအထားကိုက ပြောင်းလဲရမှာခက်ခဲတယ်။ ကျွန်တော် တို့က ဒေသတွင်း နိုင်ငံတွေထက်ပိုကောင်းတာတွေ ဖြစ်လာပြီ။ ဥပမာ Registering Property ဆိုရင် အရင်နှစ် က အဆင့် ခြောက်ဆင့်ရှိတယ်။ ဒီနှစ်လည်းအဆင့် ခြောက် ဆင့်ရှိတယ်။ ဒါကိုမပြောင်းလဲနိုင်ဘူး။


ဒါပေမယ့် ကြာမြင့်ချိန်က အရင်နှစ်က ၈၅ ရက်ကြာ တယ်။ ဒီနှစ်က ၆၅ ရက်ပဲကြာတယ်။ ရက်၂၀ ပိုမြန်သွား တယ်။ အဲဒီမှာ အချိန်ကိုနည်းနည်းလေး Highlight လုပ်ပြချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာ့ဘဏ် Doing Business ရဲ့အစီရင်ခံစာတွေ ရေးထားတဲ့အထဲမှာ ပါတယ်။ တစ်ရက်နောက်ကျရင် ကျွန်တော်တို့ရဲ့ Business Volume ကို တစ်ရာခိုင်နှုန်းလျော့သွားတယ်။ တစ်နိုင်ငံလုံးရဲ့ GDP က သုည ဒသမ ၅ ရာခိုင်နှုန်းလျော့တယ်လို့ ဥပမာ သူတို့ တွက်ထားတာဖြစ်ပါတယ်။


ကျွန်တော်တို့က ရက်၂၀မြန်လာတယ်။ ဒါနဲ့ ပတ်သက်ရင် ကျွန်တော်တို့ရဲ့ Efficiency တွေများလာ တယ်၊ မြန်လာတယ်။ ဒီအချိန်မှာ စကားလေးတစ်လုံးကို ကျွန်တော်သတိရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်း ထဲမှာပါတယ်။ သူများနိုင်ငံတွေ ခြေလှမ်းတစ်လှမ်းလှမ်းရင် ကျွန်တော်တို့က လေး၊ ငါး၊ ဆယ်လှမ်းလှမ်းမှ တော်ရာ ကျမယ်ဆိုတာပါတယ်။ အခုခေတ်မှာ အဲဒီလမ်းကြောင်း ပေါ်ပြန်ရောက်နေပြီ။ Government ကလည်း သူများ နိုင်ငံက တစ်လှမ်းလှမ်းရင် ကျွန်တော်တို့က လေး၊ ငါး၊ ဆယ်လှမ်းလှမ်းရမယ် ဒီလိုမျိုးဖြစ်သွားပြီ။
ကျွန်တော်တို့ ပုဂ္ဂလိကကဏ္ဍကလူတွေက ယှဉ်ပြိုင် မှုရှိတာဆိုတော့ သူများတစ်လှမ်းလှမ်းရင် ကျွန်တော်တို့က လေး၊ ငါး၊ ဆယ်လှမ်းမလှမ်းနိုင်ရင် ကျန်ခဲ့မယ်။ ပြုတ်သွား မယ်၊ အရှုံးပေါ်သွားမယ်ဆိုတော့ ကျွန်တော်တို့က လုပ်ပါ တယ်။ ဒါပေမယ့် အစိုးရရဲ့ ဟိုးအရင်တုန်းကအမြင်မှာ စီးပွားရေးလုပ်ငန်းဆိုရင် ခက်အောင်လုပ်ထားဆိုတဲ့အရာ တွေ အကုန်လုံးကဖြေလျှော့လာပြီဆိုတော့ ရှေ့လျှောက် ကို ဒီထက်ပိုကောင်းလာဖို့ပဲရှိတယ်လို့ ကျွန်တော်မြင်ပါ တယ်။ Overall အနေနဲ့ အားရတယ်ဆိုတာ ဒီနှစ်တစ်ခု တည်းကိုအားရတာမဟုတ်ပါဘူး။ အပြောင်းအလဲတစ်ခုလုံးကို အားရတာပါ။ ရှေ့လျှောက်ကိုလည်းမြင်နေတဲ့ အတွက် အဲဒါတွေကို အားရတာဖြစ်ပါတယ်။


အစီအစဉ်မှူး။ ။၂၀၂ဝမှာ တိုးတက်မှုမရခဲ့တဲ့ အညွှန်းကိန်း ငါးခုကိုလည်း ပြောပြပေးပါဦး။


ဦးဇေယျသူရမွန်။ ။အဲဒီအညွှန်းကိန်းငါးခုက အားမရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ကျွန်တော်ပါဝင်ပတ်သက်လာတာ သုံးနှစ်ရှိပါပြီ။ သုံးနှစ်လုံးကမလှုပ်လာပါဘူး။ ဒီအတိုင်းပဲ။ တက်မလာပါ ဘူး။ မတက်လာတဲ့အကြောင်းရင်းက အချို့အညွှန်းကိန်း တွေကခက်ပါတယ်။ အခက်ဆုံးအညွှန်းကိန်းတွေလည်းပါတယ်။
ကျွန်တော်တို့က Regional Average Line ကို ကြည့်လိုက်ရင် အလွယ်ဆုံး၊ ပြီးရင်ခက်တာ၊ ပြီးရင်လွယ် တာပြန်လာပါတယ်။ ပြီးရင်ခက်တာ အဲဒီလိုသွားတယ်။ အဲဒီအညွှန်းကိန်း ငါးခုလုံးက ခက်တဲ့ဟာတွေ။ နိုင်ငံ တကာမှာကိုက ခက်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့နိုင်ငံ ကလည်း ခက်နေပါတယ်။ အဓိကပြုပြင်ပြောင်းလဲရမှာက ဥပဒေတွေဖြစ်နေပါတယ်။ နောက်ပြီး ဥပဒေမရှိတာ လည်းရှိပါတယ်။

ကျွန်တော်တို့တင်မရှိတာလားဆိုတော့မဟုတ်ဘူး၊ သူများနိုင်ငံတွေလည်းမရှိပါဘူး။ ဒါပေမယ့် သူများနိုင်ငံတွေက အဲဒီ Law တွေက လွန်ခဲ့တဲ့နှစ်နှစ်၊ သုံးနှစ်လောက်ကအတည်ပြုပြီးသွား ပြီ။ ကျွန်တော်တို့က အခုအဲဒီ Law တွေလုပ်နေပါတယ်၊ ရေးနေပါတယ်၊ လွှတ်တော်မှာဖြတ်နေပါတယ်ဆိုတဲ့ အတွက် အဲဒီအညွှန်းကိန်းငါးခုက သိပ်ပြီးမလွယ်သေးပါ ဘူး။ ဒါပေမယ့်လည်း Regulator တွေကနည်းနည်းသဘော ပေါက်လာပါတယ်။

အရင်နှစ်က တရားရေးကညွှန်ချုပ်ကြီးဆိုရင် ကြိုးစားပမ်းစား ကမ္ဘာ့ဘဏ်နဲ့ထိုင်ပြီး ဆွေးနွေးပါတယ်။ စိတ်ပါဝင်စားပြီး ကမ္ဘာ့ဘဏ်ကလည်းနားလည်အောင် ဥပဒေတွေအကုန်လုံးကို ဖတ်ပြပါတယ်။ နောက်ဆုံး နှစ်ပေါင်းတော်တော်ကြာတဲ့ ဥပဒေတွေကိုပါ ပြန်ဆွဲထုတ် လာပါတယ်။ သူတို့မှတ်တမ်းတင်ထားတဲ့၊ ကျွန်တော်တို့ခက်ပါတယ်လို့ပြောနေတဲ့၊အမှတ်နည်းပါတယ်လို့သူတို့ပေးထားတဲ့အရာတွေကိုပါမဟုတ်ဘူး။ ကျွန်တော်တို့ကိုအမှတ်ပေးသင့်ပါတယ်ဆိုပြီး ကမ္ဘာ့ဘဏ်နဲ့ကိုအချေ အတင် ဆွေးနွေးတာတွေရှိပါတယ်။

အမှတ်မတက်တဲ့ငါးချက်က ဘာတွေသွားဖြစ်သလဲ ဆိုတော့ အမှတ်မတက်တော့ အဆင့်ကျပါတယ်။ သူများ နိုင်ငံတွေက ကြိုးစားတယ်။ ဥပမာတစ်ခုပြောရမယ်ဆိုရင် အရင်တုန်းကလည်း အဲဒီငါးခု အမှတ်ကဒီအတိုင်းက ဒီအတိုင်းပဲ၊ သူများနိုင်ငံတွေကကောင်းလာတဲ့အတွက် အလိုလိုနေရင်းကို အဆင့်ကလျော့သွားတယ်။ ဥပမာ - Getting Electricity ဆိုရင် အမှတ်တော့ပိုရလာပါတယ်။ သူများနိုင်ငံတွေက ပိုကောင်းအောင်လုပ်လာတဲ့အတွက် ကြောင့် အဆင့်က လေးဆင့်လျော့သွားပါတယ်။

ထိုနည်းလည်းကောင်းပဲ Resolving Insolvency ဆိုရင် အမှတ်ကပြောင်းလဲမှုမရှိဘူး။ သူများနိုင်ငံတွေ လည်း ခက်တယ်။ တချို့ဟာတွေက ခက်တဲ့အထဲမှာ ပါတယ်။ ကျွန်တော်တို့နိုင်ငံက အမှတ်အပြောင်းအလဲ မရှိဘူး။ သူများနိုင်ငံတွေလည်း အမှတ်ကအပြောင်းအလဲ မရှိဘူး။ အဲဒီတော့ ကျွန်တော်တို့အမှတ်က ဒီအမှတ် ပဲ။ အဆင့်က ဒီအဆင့်ပဲ။ Trading Across Borders လည်း ထိုနည်းလည်းကောင်းပဲ။ အမှတ်လည်း အပြောင်း အလဲမရှိဘူး။ အဆင့်လည်း အပြောင်းအလဲမရှိဘူး။ လုပ် ရတာခက်တဲ့အပိုင်းတွေဖြစ်နေပြီ။သူများနိုင်ငံတွေလည်း တက်မလာနိုင်ပါဘူး။ ကိုယ်လည်းမတက်တော့ အဆင့်ကမပြောင်းလဲဘူး။

စောစောကပြောတဲ့ Getting Electricity က လုပ်ရတာသိပ်ပြီးအခက်ထဲမှာမပါဘူး။ ကိုယ်ကတော့ တစ်မှတ်လောက်ပဲ တက်အောင်လုပ်နိုင်တယ်။ သူများတွေ က လေး ၊ ငါး ၊ ခြောက်မှတ်တက်အောင် လုပ်နိုင်တဲ့ အတွက် ကျွန်တော်တို့က အဆင့်လေးဆင့်ကျသွားတယ်။ အဲဒီလိုပါ။ နောက်ပြီး Paying Taxes ကျတော့လည်း ကျွန်တော်တို့ကအမှတ်ပြောင်းလဲမှုမရှိဘူး။ သူများနိုင်ငံ တွေက ကောင်းအောင်လုပ်လာတဲ့အတွက် ကျွန်တော် တို့က အဆင့်ကျသွားတယ်။ အဲဒီလိုတွေတွေ့ရှိရပါတယ်။

ဒါပေမယ့် ကျွန်တော်တို့က ငြိမ်နေလို့တော့မရပါ ဘူး။ စောစောကပြောတဲ့ Resolving Insolvency တို့ ကျတော့ သူများနိုင်ငံတွေလည်း ခက်နေတာပါ။ ကမ္ဘာ့ ဘဏ်က အမှတ်ပေးတဲ့ပုံစံကိုက ခက်နေတာပါ။ အဲဒီတော့ အဆင့်အပြောင်းအလဲမရှိ၊ အမှတ်အပြောင်း အလဲမရှိပါ။ ဒါတွေက ကျွန်တော်တို့ကသိပ်ပြီး ပြဿနာ မရှိပါဘူး။ စောစောကလို အမှတ်အပြောင်းအလဲမရှိဘဲ အဆင့်ကျသွားတာက နာပါတယ်။ အဲဒါက ဘာကို သက်ရောက်မှု သွားဖြစ်သလဲဆိုတော့ ကျွန်တော်တို့ အရင်ကြိုးစားနေတဲ့ အခြား Regulator တွေရဲ့ ကြိုးစား အားထုတ်မှုက သူတို့က ဒီလောက်ရထားမယ်၊ ဒါပေမယ့် ဒီဘက်ကကျတော့ အဆင့်ကလျော့သွားတဲ့အတွက် Overall ပြန်ကြည့်မယ်ဆိုရင် စောစောကပြောသလို၊ ခြောက်နိုင်ငံပဲ ကျော်နိုင်သလို ဖြစ်သွားတာဖြစ်ပါတယ်။

အမှန်ကျွန်တော်တို့က ခုနစ်နိုင်ငံ၊ ရှစ်နိုင်ငံ၊ ၁၀ နိုင်ငံကျော် နိုင်ပါတယ်။ အဲဒီလိုကျော်နိုင်ရင် စီးပွားရေး လုပ်ငန်း တွေအတွက် ဘာအကျိုးကျေးဇူးရသလဲဆိုတော့ ကျွန်တော်တို့ရဲ့ လက်ရှိစီးပွားရေးလုပ်ငန်းတစ်ခုကိုက တန်ဖိုးတက်သွားပါတယ်။ ဥပမာပြည်လမ်းပေါ်မှာ တကယ့်နေရာကောင်းမှာရှိတဲ့ ဟိုတယ်တစ်လုံး သန်း ၆၀ဝ တန်တယ်ဆိုရင် စင်ကာပူနိုင်ငံ Orchard Road မှာရှိတဲ့ဟိုတယ်တစ်လုံးနဲ့အတူတူပဲ။ ဘာမှကွာခြားမှု မရှိဘူး။ ဒါပေမယ့် သူ့ရဲ့ရောင်းဈေးက သန်း ၁၀၀၀ ဖြစ်ချင်ဖြစ်သွားမယ်။

ဘာဖြစ်လို့လဲဆိုတော့ သူတို့က စီးပွားရေးလုပ် ရတာလွယ်ကူတယ်။ ရှေ့လျှောက်လည်း ပိုအခြေအနေ ကောင်းပါတယ်။ ကျွန်တော်တို့က ဟိုလောက်အခြေ အနေမကောင်းနိုင်ဘူးဆိုတော့ စီးပွားရေးလုပ်ငန်းက နေရင်းထိုင်ရင်းကို တန်ဖိုးတက်လာပါတယ်။ အခုအနေ အထားဆိုရင် ကျွန်တော်တို့စီးပွားရေးတွေ ပြန်ကောင်း လာပြီ လူတွေရဲ့အသိမှာကိုက စီးပွားရေးလုပ်ရတာခက် တယ်။ အဆင်မပြေဘူးဆိုပြီး အများကြီးကြားရပါတယ်။ နေရာတိုင်းမှာ ကြားရပါတယ်။

ဒီနေ့ခေတ်မှာ အဲဒီအသံတွေက တဖြည်းဖြည်းချင်း တိုးသွားပါတယ်။ ကျွန်တော်တို့လည်း လက်တွေ့ခံစားရ ပါတယ်။ ကျွန်တော်တို့အလုပ်လေးတွေ တဖြည်းဖြည်း ပိုကောင်းလာတယ်။ ကျွန်တော်တို့အသံတွေနားထောင်တဲ့အခါမှာလည်း တချို့ကစီးပွားရေးလုပ်ငန်းတွေကောင်းလာတယ်၊တချို့ကတော့မကောင်းသေးဘူး။အဲဒီလိုမျိုးတွေ ကြားရပါတယ်။ ဒါကျွန်တော်တို့လက်တွေ့ခံစားရတယ်။ ပုဂ္ဂလိကကဏ္ဍအနေနဲ့ ကျွန်တော်က ဒီလိုပဲမြင်ပါတယ်။

 

အစီအစဉ်မှူး။ ။နိုင်ငံရဲ့အခုလက်ရှိဆောင်ရွက်နေတဲ့ Ease of Doing Business နဲ့ ပတ်သက်လို့ ဆောင်ရွက်နေတဲ့အချက်တွေကို လုပ်ငန်းရှင် တစ်ယောက် ဒါမှမဟုတ် ပြည်သူတစ်ယောက်အနေနဲ့ သိရှိ လိုပါတယ်။ လေ့လာလိုပါတယ်၊သိလိုတယ်ဆိုရင်ဘယ်လိုများ လေ့လာလို့ရတယ်ဆိုတာကို ပြောပြပေးပါဦးခင်ဗျာ။


ဦးအောင်စိုး။ ။ဒါကပွင့်လင်းမြင်သာမှုနဲ့ဆိုင်ပါတယ်။ ဒါတွေကိုပွင့်ပွင့်လင်းလင်း သိဖို့လိုပါတယ်။ Awareness လိုပါတယ်။ ဒါတွေမသိရင် ကမ္ဘာ့ဘဏ်ကမေးရင်လည်း အဖြေလွှာတွေကို ကောင်း ကောင်း မဖြေတတ်ပါဘူး။ ကိုယ်တိုင်ကလည်း ဌာနဆိုင်ရာ တွေရဲ့ လုပ်ထုံးလုပ်နည်းတွေ၊ ဘာလုပ်ချင်ရင်ဘယ်ဌာန သွားရမယ်၊ အဲဒီဌာနမှာလုပ်ငန်းအဆင့်တွေက ဘာလဲ မသိဘူးဆိုရင် သူလည်းခက်မှာပါ။ ဒါကြောင့်ဒါတွေကို သူတို့အလွယ်တကူ သိနိုင်ဖို့လုပ်ပါတယ်။ ဒါနဲ့ပတ်သက်ရင် ကျွန်တော်တို့က Communication Strategy ဆိုတာချပြီးကမ္ဘာ့ဘဏ်နဲ့လုပ်ပါတယ်။အဲဒီအထဲမှာကုန်သည်ကြီးများအသင်းမှာသွားပြီး Seminar တွေလုပ်တယ်။ရှင်းပြပါတယ်။

 

အထူးသဖြင့် အဖြေလွှာတွေကို ဖြေရတဲ့အဖွဲ့တွေက များသောအားဖြင့် LawFirm တွေများတယ်။ သူတို့ကို လည်း သီးခြားဖိတ်တယ်။ရှင်းပြတယ်။ ဟိုးအရင်မေးခွန်း ဟောင်းကို ပြန်ပြီးလေ့လာသလိုမျိုး အရင်နှစ်တွေက မေးဖူးတာကို သူတို့ကိုပြန်ရှင်းပြပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကမ္ဘာ့ဘဏ်က အင်္ဂလိပ်လိုရေးတဲ့အပြင် တချို့ Term တွေကလည်း ရင်းနှီးမှုသိပ်မရှိတာတွေများတဲ့အတွက် သူတို့ကိုပြန်ရှင်းပြပါတယ်။ ဒီလိုတွေလည်း ကျွန်တော်တို့က လုပ်ပါတယ်။

နောက်တစ်ခုက ပိုပြီးလွယ်ကူအောင် ဝက်ဘ်ဆိုက် လုပ်ထားပါတယ်။ Doing Business စနစ်ကြီးတစ်ခုလုံးကို ကမ္ဘာ့ဘဏ်က ဘာလုပ်နေလဲသိချင်ရင် doingbusiness.org ဝက်ဘ်ဆိုက်မှာ ကြည့်လို့ရပါတယ်။အဲဒီမှာတစ်ကမ္ဘာ လုံးက နိုင်ငံပေါင်း ၁၉ဝ ရဲ့ Doing Business Report တွေ အကုန်ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ Report လည်း ရှိပါတယ်။ မြန်မာနိုင်ငံအတွက် ကျွန်တော်တို့ဌာနက myanmar doingbusiness.org ဆိုပြီး ဝက်ဘ်ဆိုက်သီးသန့်လုပ် ထားပါတယ်။ အဲဒီဝက်ဘ်ဆိုက်ထဲမှာ အညွှန်းကိန်းတစ်ခုချင်းက ဌာနတစ်ခုချင်းရဲ့ လုပ်ထုံးလုပ်နည်းတွေ၊ လုပ်ငန်းအဆင့် တွေအကုန် တင်ပေးထားပါတယ်။ တာဝန်ခံညွှန်ကြားရေးမှူးချုပ်တွေရဲ့ပုံတွေပါ တင်ပေးထားပါတယ်။ ဘယ်သူတွေ ဦးဆောင်လုပ်နေတယ်ဆိုတာ ပြည်သူတွေသိအောင်ဖြစ် ပါတယ်။ ကျွန်တော်တို့ဆီမှာ Standard Operating Procedure ဆိုတာ ဌာနတိုင်းမှာရှိတယ်။

သို့သော် တချို့ဌာနတွေမှာ ဒါကိုပီပီပြင်ပြင်မလုပ်နိုင် သေးပါဘူး။ မရှိသေးပါဘူး။ ရှိပြီးသားလက်ရှိ Procedure ကို ကျွန်တော်တို့က အများပြည်သူပွင့်လင်းမြင်သာစွာ သိအောင် ဝက်ဘ်ဆိုက်ပေါ် တင်ပေးထားပါတယ်။ ဒါကို လည်း ကြည့်ဖြစ်အောင်ကြည့်ကြပါလို့ ကျွန်တော်တင်ပြချင် ပါတယ်။ဆရာတို့ရဲ့ Property နဲ့ပတ်သက်တာရော၊ ဆရာမ တို့ရဲ့ Contract တွေနဲ့ပတ်သက်တာတွေရော အကုန်လုံး ရှိပါတယ်။

အခုတော့ သူတို့က လက်ရှိအတိုင်း တင်ထားပါ တယ်။ အဲဒီလက်ရှိအတိုင်းကိုပဲ တိုင်းတာတာဘာလဲ၊ အဆင့် ဘယ်လောက်လဲ။ အချိန်ဘယ်လောက်ကြာတယ်။ ကုန်ကျ စရိတ်ဘယ်လောက်လဲ အဲဒါကိုတိုင်းတာတာဖြစ်ပါတယ်။အဲဒီအတိုင်းသွားပြီးလုပ်ရင် လက်ရှိမှာ အဲဒီလိုဖြစ်မယ်။ ဒါကိုနောက်တစ်ဆင့်အနေနဲ့ ပိုပြီးအဆင့်တွေနည်းသွား အောင်၊ လွယ်သွားအောင်လုပ်ပေးနေပါတယ်။ တစ်ခု ရှိတာက ကျွန်တော်တို့အခု Information Center တစ်ခု ထောင်မယ်ဆိုတာက “အဲဒီအတိုင်းလည်း လုပ်ပါတယ်။ ပြောတာတော့အဲဒီလိုပဲ။ တကယ်လက်တွေ့လုပ်တော့ မဖြစ်ပါဘူး”ဆိုတဲ့သူတွေအတွက် Complaint Center လို Information Center မှာလာပြောရင်ကျွန်တော်တို့က သက်ဆိုင်ရာတွေကိုချိတ်ဆက်ပြီး အကူအညီပေးမယ်။

တစ်ခါတလေကျတော့ အစိုးရဌာနမှာက ဝန်ထမ်း တွေက အပြောင်းအရွှေ့တွေရှိပါတယ်။ ဒီလုပ်ငန်းကို လုပ်နေတဲ့သူကပြောင်းသွားလို့ နောက်တစ်ယောက်က ရုတ်တရက်နားမလည်တာ၊ မဖြေတတ်တာဒါတွေလည်း အမြဲတွေ့ရပါတယ်။ ကျွန်တော်တို့လည်း Training တွေပေးနေပါတယ်။ဒါကြောင့်သက်ဆိုင်ရာဌာနတွေက Doing Business နဲ့ပတ်သက်တဲ့ Focal Officer တွေကို တာဝန်ပေးထားပြီးသူတို့ကိုအမြဲတမ်း Training တွေ ပေးနေပါ တယ်။ ပေးနေတဲ့ကြားထဲကပဲ အပြောင်းအရွှေ့ရှိလို့ သွားရင်လည်း ထပ်ပေးနေပါတယ်။ ဒါလေးတွေကို သူတို့က လည်း ကျွမ်းကျင်လာပြီး လွယ်ကူအောင် ကျွန်တော်တို့က တတ်နိုင်သမျှ ဆောင်ရွက်ပေးနေပါတယ်။

နောက်တစ်ဆင့်အနေနဲ့ ခုနပြောတဲ့ Doing Business Complaint Center တစ်ခုဖွင့်လိုက်နိုင်ပြီဆိုရင် အဲဒီစင်တာ နဲ့သက်ဆိုင်ရာဌာနက Information Counter နဲ့ချိတ်ဆက် ပြီး သူတို့သိချင်တာကိုကျွန်တော်တို့ရှင်းပြပါမယ်။ Doing Business Procedure တစ်ခုစီကိုလည်း ပြည်သူလူထု သိအောင် Seminar တွေလုပ်ပေးမယ်။ နောက်ပြီး တကယ် လုပ်ရင်လည်း ဒီလိုမဖြစ်ဘဲခက်နေတယ်ဆိုရင် သူတို့ပြန် ပြီး Complaint လုပ်နိုင်အောင် ကျွန်တော်တို့က စီစဉ်ပေး မယ်။

ခုနပြောသလိုအပေါ်က မူဝါဒချမှတ်တဲ့လုပ်ငန်းစဉ်နဲ့လက်တွေ့လုပ်ငန်းရှင်တွေက အကျိုးကျေးဇူးရတာနဲ့ တစ်ထပ်တည်းဖြစ်သွားမယ်။ အခုအချိန်မှာတော့ Complaint တွေကရှိနေတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ တွေ ကိုယ်တိုင်က Complaint လုပ်တာတွေက ရှိနေတုန်း ပါ။ ဒါကြောင့် ကျွန်တော်တို့က ဒီတစ်ဆင့်ကို ဆက်ကြိုးစား မယ်။ အဲဒါဆိုရင် ဒီနှစ်အတွက်ပိုပြီးသိသာတဲ့ အကျိုးရလဒ် တွေရလာမယ်လို့ ကျွန်တော်တို့က ယုံကြည်ပါတယ်။

 

အစီအစဉ်မှူး။ ။ Ease of Doing Business နဲ့ပတ်သက်ပြီး ဘာများထပ်ပြီး ဖြည့်စွက်ဆွေးနွေးစရာ လိုပါသေးလဲခင်ဗျာ။


ဦးအောင်စိုး။ ။ကိုဇေယျပြောသလိုပါပဲ Mindset တွေ ပြောင်းရတာပါတယ်။ Doing Business ဆိုတာ အရင်တုန်းကအစိုးရပဲ။ အစိုးရဌာန လာရင် လုပ်ပေးလိုက်တယ်။ စောင့်စရာရှိလည်းစောင့်၊ ကြာရင်လည်းကြာဆိုတဲ့ အတွေးအခေါ်တွေကို ကျွန်တော် တို့ ပြောင်းပေးနေရတာပါ။ အဲဒီတော့ကျွန်တော်တို့သည် ပြည်သူ့ဝန်ဆောင်မှုပေးတယ်။ စီးပွားရေးကဏ္ဍ၊ စီးပွား ရေးလုပ်ငန်းတွေ လွယ်ကူအောင် ဝန်ဆောင်မှုပေးနေတာဖြစ်ပါတယ်။


ပြည်သူတွေကလည်း ဒီစီးပွားရေးလုပ်ငန်းတွေ အတွက် အခွန်တွေဆောင်နေရပါတယ်။ အဲဒီဆောင်တဲ့ အခွန်တွေနဲ့ ကျွန်တော်တို့လခတွေရနေပါတယ်။ ဒီလုပ်ငန်းရှင်နဲ့ အစိုးရဝန်ထမ်းက တကယ်တော့ Shareholders တွေပါ။ ကျွန်တော်တို့ပူးပေါင်းဆောင်ရွက် တဲ့ Mindset ကို ပြောင်းရတယ်။ ကျွန်တော်တို့ကလည်း မြန်အောင်လုပ်ပေးပါတယ်။ သူတို့ကလည်း လုပ်ငန်း အောင်မြင်ရင်ဝင်ငွေပိုရမယ်၊ အခွန်ပိုဆောင်မယ်၊ ကျွန်တော်တို့လည်း အကျိုးခံစားရမယ်။

 

ဒီလို Mindset မျိုးဖြစ်လာအောင် ကျွန်တော်တို့က သင်ကြားပေးပါတယ်။အဲဒီလိုနည်းအားဖြင့် သူတို့လာ ရင် ကျွန်တော်တို့က သတ်မှတ်တဲ့အချိန်အတွင်းမှာ ဝန်ဆောင်မှုပေးနိုင်ရမယ်။ အချိန်ဆွဲထားတာ၊ မလိုအပ် ဘဲကြန့်ကြာတာ၊ ခက်ခဲတာတွေမဖြစ်အောင် ကျွန်တော် တို့လုပ်ပေးမယ်။ ဒါကကျွန်တော်တို့ အဓိကပြောင်းလာ တဲ့ Mindset ကို ပုံဖော်ပေးတာဖြစ်ပါတယ်။

နောက်တစ်ခုက လက်ရှိအခြေအနေမှာ၂၀၁၄ ခုနစ် ကစပြီး ကြိုးစားခဲ့တဲ့အတွက် အဆင့်အတိုင်းအတာလေးတစ်ခုတက်လာပေမယ့်လည်း အာဆီယံနိုင်ငံတွေ ထဲမှာ ကျွန်တော်တို့က အခုထိနောက်ဆုံးပါ။ ကျွန်တော် တို့ကပျော်မွေ့ပြီး ကျေနပ်နေလို့ရတဲ့အနေအထား မဟုတ် ဘူး။ ကျွန်တော်တို့က အနည်းဆုံးအဆင့် ၁၀ဝ ရဲ့ အထက်ကို မှန်းထားပါတယ်။ ကျွန်တော်တို့ရဲ့လုပ်ငန်း ရှင်တွေဟာ ကျေနပ်လောက်တဲ့အဆင့်၊ လုပ်ငန်းလွယ်ကူ ချောမွေ့တဲ့အဆင့်ကို ရောက်မယ်။ ကျွန်တော်တို့လည်း ဆက်ပြီးကြိုးစားဖို့ လိုပါသေးတယ်။ ကျေနပ်လောက်တဲ့ လုပ်ငန်းတွေ တကယ်ကောင်းတဲ့ အဆင့်ကို မရောက်သေး ပါဘူး။ စပြီးတိုးတက်တဲ့အဆင့်၊ အရှိန်စရလာတဲ့အဆင့်ပဲ ရှိသေးပါတယ်။

 

ဒါကြောင့်သက်ဆိုင်ရာဌာနအသီးသီးက ဆက်ပြီး ကြိုးစားရဦးမယ်။ ကျွန်တော်တို့သည် ကျေနပ်နေလို့မရ ဘူး။ နောက်တစ်ခုက နိုင်ငံတော်အကြီးအကဲတွေ၊ ဌာန အကြီးအမှူးတွေ၊ အရာရှိကြီးတွေက ဒါကိုဦးဆောင်ပြီးလုပ်နေပေမယ့်လည်း အောက်ကဝန်ထမ်းအဆင့်ဆင့်လိုက်ပါအောင် စည်းရုံးဖို့၊တိုက်တွန်းဖို့၊ သင်ကြားပြသပေးဖို့လိုပါတယ်။ ဒါမှသာ လက်တွေ့လုပ်ငန်းရှင်တွေက ခံစားရမယ်။အဲဒီအဆင့်ကို ကျွန်တော်တို့ ရောက်အောင် သွားရမယ်။

ဒါဆိုရင်တက်ညီလက်ညီနဲ့ ကျွန်တော်တို့ရဲ့ Doing Business လုပ်ငန်းစဉ်ကြီးက လွယ်ကူချောမွေ့သွားရင် စီးပွားရေးလုပ်ငန်းရှင်တွေလည်း စိတ်ချမ်းသာမယ်။ ပြည်ပရင်းနှီးမြှုပ်နှံသူတွေလည်း ဒီမှာလာရောက်လုပ်ကိုင် ရတာကိုကျေနပ်မယ်။ ဒါဆိုရင်ကျွန်တော်တို့တွေ အားလုံးအကျိုးခံစားရမှာဖြစ်ပါတယ်။ ဒါကြောင့်ဒီနှစ် မှာတော့ လက်ရှိအဆင့်တွေကို လုပ်နိုင်တဲ့အဆင့်ကိုပဲ အမှန် တကယ် လက်တွေ့ဝက်ဘ်ဆိုက်အပေါ်တင်ထားတဲ့ လုပ်ငန်းအဆင့်တွေ၊ လုပ်ငန်းစဉ်တွေအတိုင်း တကယ် လုပ်ဖြစ်အောင်၊ လုပ်နိုင်အောင်၊ ဝန်ဆောင်မှုပေးနိုင်အောင် လုပ်ကြဖို့ ဌာနအသီးသီးကို တိုက်တွန်းချင်ပါတယ်။

နောက်တစ်ဆင့်က အဲဒီထက်ပိုကောင်းတဲ့အဆင့် ကို တဖြည်းဖြည်းချင်းတက်သွားမယ်။ ကျွန်တော့်အနေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့၊ အဖြေလွှာတွေဖြေပေးတဲ့ လုပ်ငန်းရှင်တွေရော၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်က ကိုဇေယျအပါအဝင် တာဝန်ရှိသူတွေ အားလုံးနဲ့သက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်တဲ့ဌာနတွေအားလုံးကို တာဝန်ခံဝန်ကြီးဌာနအနေနဲ့ ကျေးဇူးတင် ကြောင်း ပြောကြားလိုပါတယ်။

 

အစီအစဉ်မှူး။ ။ဟုတ်ကဲ့ခင်ဗျာ။ အခုဆိုရင် ကျွန်တော်တို့ Ease of Doing Business နဲ့ပတ်သက်လို့ သိသင့်သိထိုက်တဲ့အကြောင်း အရာတွေကို အစိုးရနဲ့ပုဂ္ဂလိကကဏ္ဍက စိတ်ရှည်၊ လက် ရှည်လာရောက်ဖြေကြားပေးသွားတဲ့အတွက် ပြည်သူ တွေကိုယ်စား ကျေးဇူးတင်ပါတယ်ခင်ဗျာ။

 

ဦးအောင်စိုး။ ။ကျွန်တော်တို့ကလည်း အခုလိုပြောကြားခွင့် ရတဲ့အတွက် ကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်။