ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်သို့ ပြည်သူများ အေးချမ်းစွာ လာရောက်ကုသိုလ်ယူ ဖူးမြော်

mdn

ကျိုက်ထို ဇန်နဝါရီ ၂၃

မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၌ တည်ရှိသော ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်သို့ အလုပ်ပိတ်ရက်များတွင် ပြည်သူများ အေးချမ်းစွာဖြင့် လာရောက်ကုသိုလ်ယူ ဖူးမြော်ကြကြောင်း သိရှိရသည်။

ကျိုက်ထိုမြို့၏ အထင်ကရ ဘုရားတစ်ဆူဖြစ်သည့် ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ၊ ရပ်နီးရပ်ဝေးမှ ဘုရားဖူးလာပြည်သူများမှ တောင်တက်ကား၊ ကေဘယ်လ်များဖြင့် တောင်တော်ပေါ်သို့ အေးချမ်းစွာ တက်ရောက်လာကြပြီး ဆံတော်ရှင် စေတီတော်မြတ်ကြီးတွင်  ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး၊ နံ့သာတိုင်များ ထွန်းညှိပူဇော် =ကာ  အေးချမ်းစွာဖြင့် ဖူးမြော်လျက်ရှိကြသည်။

အဆိုပါ ဘုရားဖူးလာပြည်သူများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ဖူးမြော်ကြည်ညိုနိုင်ရေး ဘုရားဂေါပကအဖွဲ့များမှ နှိုးဆော်အသိပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

သန်းသန်းမော်(ကျိုက်ထို)