ဆည်ကြီးကျေးရွာ၌ ခရမ်းချဉ်စိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်း

ရမည်းသင်း   ဇန်နဝါရီ   ၂၇

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်မြို့နယ်ရှိ ဆည်ကြီးကျေးရွာတွင် ခရမ်းချဉ်စိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

အဆိုပါ ခရမ်းချဉ်သီးပင် တစ်ဧက စိုက်ပျိုးရာတွင် ကုန်ကျစရိတ်အနေဖြင့် အနည်းဆုံး တစ်သိန်းခွဲကုန်ကျကြောင်း၊ ခရမ်းချဉ်သက်တမ်း ရက် ၆၀ အကြာမှာ ပန်းများ စပွင့်ကာ ရက် ၉၀ အကြာတွင် အသီးများ စတင်ခူးဆွတ်ရောင်းချလို့ရကြောင်း သိရသည်။ 

“ခရမ်းချဉ်သီးက နှစ်ရက်တစ်ခါ ဆွတ်ပေးရတယ်၊ စျေးကွက်အနေနဲ့ တစ်ပိဿာလျှင် ၂၄၀၀ ဖြင့် ရောင်းချရပြီး စျေးအတက်အကျ မမှန်တဲ့အတွက် မှန်းလို့မရဘူး၊ အရှုံးမရှိဘူး၊ ရက်တိုတိုနဲ့ ငွေဝင်တဲ့အတွက် အကျန်နည်းမှာပဲရှိပါတယ်၊ စျေးကောင်းရင်တော့ ပိုကျန်တယ်”ဟု ဆည်ကြီးကျေးရွာမှ ခရမ်းချဉ်စိုက်ပျိုးသူ ဦးသိန်းနိုင် က ပြောပြသည်။

ခရိုင်(ပြန်/ဆက်