ဆိပ်ဖြူမြို့နယ် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ ရေပြင်အသက်ကယ်ဆယ်ရေး ဆောင်ရွက်နိုင်ရန် အသစ်ရောက်ရှိလာသည့် ဖိုက်ဘာဘုတ် ရေချစမ်းသပ်မောင်းနှင်ခြင်းဆောင်ရွက်

ဆိပ်ဖြူ ၂၇  ဇန်နဝါရီ  

 

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်ရှိ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ရေပြင်ကယ်ဆယ်ရေးနှင့် ရေယာဉ်များ မီးငြှိမ်းသတ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသစ်ရောက်ရှိလာသည့် ဖိုက်ဘာဘုတ် (HIDEA) ရေယာဉ်ကို ဇန်နဝါရီလ ၂၇ ရက်နေ့က ဧရာဝတီမြစ်အတွင်း ရေချစမ်းသပ်မောင်းနှင် လေ့ကျင့်ခဲ့ကြောင်း သိရှိရသည်။

 

5896

 

မြို့နယ်မီးသတ်တပ်ဖွဲ့အနေဖြင့် ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်ဥစ္စာများကို သဘာဝ ဘေးအန္တရာယ်ဘေးများမှ ကာကွယ်စောင့်ရှောက်လျှက်ရှိသည်အညီ အရေးပေါ်အခြေအနေများ ဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်မှုများ ဆောင်ရွက်ရာတွင် တပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်ရည် မြင့်မားစေရန်၊ မြစ်ကြောင်းအတွင်း သွားလာနေသော ရေယာဉ်များ အရေးပေါ်အခြေအနေများတွင် ကူညီဆောင်ရွက်နိုင်ရန်နှင့် မြစ်ရေလျှံသည့် ကာလတွင် ဒေသခံပြည်သူတို့၏ အခက်အခဲများ ကူညီ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

 

741

 

 အဆိုပါ ရေယာဉ်ကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးခဲ့ ခြင်းဖြစ်ပြီး ရေချစမ်းသပ် မောင်းနှင်ခြင်းကို  မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးမှူး ဦးအောင်ဇော်လင်းက ကြီးကြပ်၍ မြို့မမီးသတ်စခန်းမှူး ဦးဝေဖြိုးအောင်နှင့် သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များက ရေကြောင်းသွားလာရေးဆိုင်ရာ အမှတ်အသားများ ကြည့်ရှုပြီး ရေယာဉ်စမ်းသပ်မောင်းနှင်ခြင်း၊ ရေယာဉ်စနစ်တကျ ထိန်းသိမ်းမောင်းနှင်ခြင်းများကို လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။  

 

စိုးလင်းနိုင်(IPRD)