ဆီးဂိမ်းပြိုင်ပွဲဝင် အောင်ပွဲရ အားနစ်(Arnis) အသင်း ပြန်လည်ရောက်ရှိ

ရန်ကုန် ၅ ဒီဇင်ဘာ


အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ပြီး အောင်မြင်မှုရရှိခဲ့သည့်  မြန်မာ့လက်ရွေးစင် အားနစ်အသင်းသည် ယနေ့ညနေ ၅ နာရီက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် ဥက္ကဌ ဉီးရဲမြင့်၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ဉီးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဉီးစီးဌာန၊ ညွှန်ကြားရေးမှူး ဉီးအောင်မိုးနှင့် မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ အားကာသိပ္ပံမှ တာဝန်ရှိသူနှင့် ကျောင်းသားကျောင်းသူများ၊ အားကစားသမားမိဘဆွေမျိူးများ ကြိုဆိုခဲ့ကြသည်။ 


ယခုအားနစ်အသင်းသည် ဒုတိယအသုတ်(နောက်ဆုံးအသုတ်) အဖြစ် ပြန်လည်ရောက်ရှိလာခြင်း ဖြစ်ပြီး ဒီဇင်ဘာ၂ရက်က ပထမအသုတ်အဖြစ် အားကစားသမား ခုနှစ်ဉီး ပြန်လည်ရောက်ရှိလာခဲ့ပြီး ဖြစ်သည်။ 


အကြိမ်(၃၀) မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ အုပ်ချုပ်နည်းပြ‌လေးဦး၊ ဒိုင်လူကြီးတစ်ဉီး၊ အားကစားသမား အမျိုးသား၁၀ ဉီး၊ အမျိူးသမီး  ရှစ်ဉီး ၊ စုစုပေါင်း၂၃ ဉီးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်‌လေးခု၊ ကြေးတံဆိပ် ၁၅ ခု ၊စုစုပေါင်း ဆုတံဆိပ် အခု ၂၀ ကို ဆွတ်ခူးပေးနိုင်ခဲ့‌ကြောင်း သိရသည်။ 


သတင်းနှင့်ဓာတ်ပုံအာကာစိုး