ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာယူ ၂၂ အသင်း တတိယဆု ဆွတ်ခူး

၁၀ ဒီဇင်ဘာ

ဖိလစ်ပိုင်ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲအဖြစ် မြန်မာ ယူ ၂၂ အသင်းနှင့် ကမ္ဘောဒီယား ယူ ၂၂ အသင်းတို့ ယနေ့ မွန်းလွဲ ၂ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာ ယူ ၂၂ အသင်းက ပင်နယ်တီဖြင့် အနိုင်ရပြီး တတိယဆု ဆွတ်ခူးရရှိခဲ့သည်။ 

ကမ္ဘောဒီးယားအသင်းသည် ပွဲစပြီး စက္ကန့်ပိုင်းတွင် ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး မြန်မာက ပွဲချိန် ၉ မိနစ်နှင့် ၃၄ မိနစ်တို့တွင် ချေပဂိုးနှင့် အနိုင်ဂိုးများသွင်းယူခဲ့ကာ ပထမပိုင်းတွင် မြန်မာက ၂ ဂိုး ၁ ဂိုးဖြင့် ဦးဆောင်နေခဲ့သည်။

ဒုတိယပိုင်းတွင် ကမ္ဘောဒီယားအသင်းမှ ပွဲချိန် မိနစ် ၇၀ တွင် ချေပဂိုးပြန်လည်ရရှိခဲ့ပြီး ပွဲချိန် မိနစ် ၉၀ အထိ တစ်ဖက် နှစ်ဂိုးစီ သရေဖြစ်နေသဖြင့် ပင်နယ်တီ ကန်သွင်းခဲ့ရာ မြန်မာအသင်းက ၇ ဂိုး ၆ ဂိုးဖြင့်အနိုင်ရကာ တတိယဆုကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။ 

MDN
ဓာတ်ပုံ - MFF