ဆီဆိုင်နှင့် ပင်လောင်းမြို့နယ်တို့၌ ဘိန်းစိုက်ခင်း ၁၀ ဧက ဖျက်ဆီး

နေပြည်တော်  ၂၆   ဇန်နဝါရီ 

ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၂၅ ရက်တွင် ပုံဆွေပင်ကျေးရွာ၏ အနောက်မြောက်ဘက် ၂ ဖာလုံခန့်အကွာ၌ အမြင့် ၁ ပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း စုစုပေါင်း ၈ ဧကခန့်အား ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အလားတူ နောင်တရားနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပင်လောင်းမြို့နယ်၊ မီးခြစ်ကျောက်ကျေးရွာ၏ အနောက်တောင်ဘက် ၁ မိုင်ခွဲခန့်အကွာ၌ အမြင့် ၂ ပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ၂ ဧကခန့်အား ဖျက်ဆီးခဲ့ကြောင်း ရဲပြန်ကြားမှ သိရသည်။

(သတင်းစဉ်)