ဆီဆိုင်နှင့် မိုင်ပျဉ်းမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်  ၂၀   ဇန်နဝါရီ 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၉ ရက် နံနက် ၅ နာရီခွဲတွင် ဆီဆိုင်မြို့နယ်၊ လွယ်ပွတ်ကျေးရွာအဝင်၊ ဆိုက်ခေါင်-မောက်မယ်သွား ကားလမ်း၌ စိုင်းနေလင်း (ခ) မောင်လီ မောင်းနှင်လာသော မော်တော်ယာဉ်နှင့် အန်တောနျို့  မောင်းနှင်လာသည့် မော်တော်ယာဉ် ၂ စီး တို့ကိုရပ်တန့် ရှာဖွေရာ တန်ဖိုးငွေကျပ်သိန်း ၉၀ဝ၀ တန်ဖိုးရှိ  ဘိန်းညိုမှုန့် ၉၀ ကီလိုနှင့် လက်ကိုင်ဖုန်း ၂ လုံး တို့ကို သိမ်းဆည်းရမိခဲ့သည်။

အလားတူ ယင်းနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် မိုင်းပျဉ်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းပျဉ်းမြို့၊ ပိန်းဆန်ရပ်ကွက်ရှိတည်းခိုခန်း၊ အခန်းအမှတ်(၁)ကိုရှာဖွေရာ ရဲလင်းထိုက် (ခ)အီးတီနှင့် ကျဖို တို့အား တွေ့ရှိရပြီး စိတ်ကြွရူးသွပ်ဆေးပြား ၈၀,ဝ၀ဝ၊ မြန်မာငွေ ကျပ်၁၁၀,ဝ၀ဝ၊ လက်ကိုင်ဖုန်း ၂ လုံးနှင့် မော်တော်ဆိုင်ကယ်တစ်စီးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။ 

(သတင်းစဉ်)