ဆီဆိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမရှိစေရေး မြန်မာ၊ ပအိုဝ်း နှစ်ဘာသာဖြင့် အသိပေးနှိုးဆော်

ဆီဆိုင် ဒီဇင်ဘာ ၈     

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက်  ယနေ့ နံနက် ၁၀ နာရီက ဆီဆိုင်မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်ကာ မြန်မာ၊ ပအိုဝ်းနှစ်ဘာသာဖြင့် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ အသိပေးနှိုးဆော်ရာတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောညွှန်ကြားချက်များ၊ အသိပေး ပန်ကြားချက်များကို တိကျလိုက်နာရန် စသည့် ဆောင်ရန်၊ ရှောင်ရန် အချက်များကို မြို့ပေါ်ရပ်ကွက်အတွင်းရှိ ပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရေး Hand Speakerဖြင့် လှည့်လည်နှိုးဆော် အသိပညာပေးခဲ့ကြောင်း သိရသည်။

           

မျိုးမြတ်(ဆီဆိုင်)