ဆီဆိုင်မြို့နယ်အတွင်းရှိ လျှပ်စစ်မီးမရရှိသေးသော ကျေးရွာအုပ်စု(၁၃)အုပ်စုမှ ကျေးရွာ(၁၂၉)ရွာအား စွမ်းအားမြှင့် မီးဖိုအလုံး ၉၀ဝ၀ အခမဲ့ ဖြန့်ဝေပေးပြီးဖြစ်

ဆီဆိုင် ၂၀  ဖေဖော်ဝါရီ

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(KOICA)နှင့် ရာသီဥတုပြောင်းလဲမှု ဗဟိုဌာန (Korea Climate Change Centre)တို့ ပူးပေါင်း၍ ကျေးလက်ဒေသများတွင် လောင်စာထင်းသုံးစွဲမှု လျှော့ချလာနိုင်ရေး၊ သစ်တောပြုန်းတီးမှုကို ကာကွယ်ရေး၊ မြန်မာနိုင်ငံအတွက် Carbon Credit များ ရရှိလာနိုင်ခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်ခြင်းတို့အတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ လျှပ်စစ်မီး မရရှိသေးသော ကျေးရွာအုပ်စု(၁၃)အုပ်စုမှ ကျေးရွာ(၁၂၉)ရွာအား  စွမ်းအားမြှင့်မီးဖိုအလုံး(၉၀ဝ၀) အခမဲ့ ကွင်းဆင်းဖြန့်ဝေပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

852

 

အခမဲ့ ကွင်းဆင်းဖြန့်ဝေပေးရာတွင် ဘန်းယဉ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၆)ရွာအတွက် စွမ်းအားမြှင့်မီးဖို (၅၉၅)လုံး၊ နောင်မွန်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၄)ရွာအတွက် စွမ်းအားမြှင့် မီးဖို လုံးရေ ၃၀ဝ၊ ပုံးအင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၉)ရွာအတွက် စွမ်းအားမြှင့့််မီးဖို လုံးရေ ၂၀ဝ၊ နားသံကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၁၄)ရွာအတွက် စွမ်းအားမြှင့်မီးဖိုလုံးရေ ၇၀ဝ၊ နားခိုက် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၈)ရွာအတွက် စွမ်းအားမြှင့်မီးဖို လုံးရေ ၁၁၀ဝ၊ တောင် ရှေ့ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာ(၁၄)ရွာအတွက် စွမ်းအားမြှင့် မီးဖိုလုံးရေ  ၁၀ဝ၀၊ ပါလော ပါကယ်ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာ(၁၁)ရွာအတွက် စွမ်းအားမြှင့်မီးဖိုလုံးရေ ၈၀ဝ၊ တဘက်ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာ(၁၄)ရွာအတွက် စွမ်းအားမြှင့်မီးဖို ၇၀၅ လုံး၊ နောင်ကျောကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၂၀)ရွာအတွက် စွမ်းအားမြှင့်မီးဖို လုံးရေ  ၁၁၅၀၊ လွယ်ပွတ် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ (၁၀)ရွာအတွက် စွမ်းအားမြှင့်မီးဖို လုံးရေ  ၈၅၀၊ ပင်စုံကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာ(၆)ရွာအတွက် စွမ်းအားမြှင့်မီးဖိုလုံးရေ  ၆၀ဝ၊ ကုန်းဆွတ် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၁၀)ရွာအတွက် စွမ်းအားမြှင့်မီးဖိုလုံးရေ  ၆၀ဝ နှင့် ဘန်းဗွီး ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၃)ရွာအတွက် စွမ်းအားမြှင့် မီးဖို လုံးရေ  ၄၀ဝ စုစုပေါင်း ကျေးရွာ (၁၂၉) ရွာအတွက် စွမ်းအားမြှင့်မီးဖို လုံးရေ ၉၀ဝ၀ ကို ပြည်သူ လက်ဝယ်အရောက် ဖြန့်ဝေပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးကျော်ကြင်ထံမှ သိရသည်။

 

ခွန်ရဲထွေး(ဆီဆိုင်)

 

63