ဆီဆိုင်မြို့နယ် ကျေးလက်ဦးစီးဌာနမှ ရေအလွန်ရှားပါးသောတောင်ပေါ်ကျေးရွာသို့ သောက်သုံးရေများ သွားရောက် လှူဒါန်းပေး

ဆီဆိုင် ၇   ဧပြီ           

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ကျော ကျေးရွာအုပ်စုအတွင်းရှိ ရေအလွန်ရှားပါးသော ဖာလိုင်(ရှေ့)ကျေးရွာတွင် ဧပြီ ၇ ရက် နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သောက်သုံးရေများသွားရောက် လှူဒါန်း  ပေးခဲ့ကြောင်း သိရသည်။

 

528

 

သောက်သုံးရေ သွားရောက်လှူဒါန်း ပေးရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အငယ်တန်း အင်ဂျင်နီယာ-၃ ဦးချမ်းငြိမ်းမိုးက ဖာလိုင်(ရှေ့)ကျေးရွာရှိ အိမ်ခြေ(၄၇)၊ လူဦးရေ (၂၂၉)ဦး အတွက် သောက်သုံးရေအဆင်ပြေစေရန် ရေဂါလန် ၁၀၈၀ အား စနစ်တကျ ဖြန့်ဝေ လှူဒါန်းပေးပြီး ကိုရိုနာဗိုင်းရပ်စ် ရောဂါ (ကိုဗစ်-၁၉) ကူးစက်ပြန့်ပွားလာခြင်းမရှိစေရေး အတွက် အပူချိန်တိုင်း ကိရိယာဖြင့် ကိုယ်အပူချိန်များ တိုင်းတာစစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

525

 

အဆိုပါကျေးရွာအတွက် နွေရာသီရေပြတ်လပ်မှုမရှိစေရေးကို ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်မွမ်းမံခွင့်ပြုရန်ပုံငွေ ကျပ်သိန်း(၂၀) ဖြင့် ဂါလန် (၁၅၀ဝ၀)ဆံ့ ယာယီ ပလပ်စတစ်(PE)ရေလှောင်ကန်ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ဆီဆိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။  

 

ခွန်ရဲထွေး(ဆီဆိုင်)

 

8536