ဆေးတက္ကသိုလ်(မန္တလေး) Orientation Course For House Officers တာဝန်အပ်နှင်းပွဲနှင့် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကျင်းပ

မန္တလေး ၂၇ ဒီဇင်ဘာ

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန ဆေးတက္ကသိုလ်(မန္တလေး) Orientation Course For House Officers 2018 တာဝန်အပ်နှင်းပွဲနှင့် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၆ ရက် နံနက် ၉ နာရီက ဆေးတက္ကသိုလ်(မန္တလေး) အောင်ပင်လယ်ခန်းမတွင် ကျင်းပသည်။ 

 

အခမ်းအနားတွင် ဆေးတက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ်ပါမောက္ခ ဒေါက်တာခင်မောင်လွင်က အဖွင့် အမှာစကား ပြောကြားပြီး မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး  ဆေးရုံအုပ်ကြီး ဒေါက်တာ တင်တင်မိုးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားကာ ဆေးတက္ကသိုလ်(မန္တလေး)ခွဲ စိတ်ကုပညာဌာန ပါမောက္ခ/ဌာနမှူး ဒေါက်တာရှိန်မြင့်က ရောဂါရှာဖွေကုသမှုဆိုင်ရာများကို လည်းကောင်း၊ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာအေးအေးချစ်က ဆရာဝန်ကျင့်ဝတ်ဆိုင်ရာများကိုလည်းကောင်း ရှင်းလင်းပြောကြားပြီး နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက် ကူးကြကြောင်း သိရသည်။                                                        

 

မောင်ပြည်သူ(မန္တလေး)