ဆေးသုတေသန ဦးစီးဌာနသို့  KOICA နှင့် MMKC တို့မှ Covid-19 Testing Kits နှင့် Surgical Gown များ ပေးအပ်လှူဒါန်း

ရန်ကုန်  ၁၃  ဇူလိုင်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနသို့ Korea International Cooperation Agency (KOICA) နှင့် Myanmar KOICA Club (MMKC) တို့မှ Covid-19 Testing Kits နှင့် Surgical Gown များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ ညနေ ၃ နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်း အမှတ်(၅)ရှိ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

 

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံမှူးကြီး Mr. Hahm Jeonghan  နှင့် ဆေးသုတေသနဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်း တို့က အမှာစကား ပြောကြားပြီး Myanmar KOICA Club (MMKC) ဥက္ကဋ္ဌ ဦးစံလွင်နှင့် Korea International Cooperation Agency (KOICA) ဌာနေကိုယ်စားလှယ် Ms. Lee Youn Soo တို့က လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ပြောကြား သည်။

 

ထို့နောက် ဆေးသုတေသနဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်းထံ ကိုရီးယားသမ္မတနိုင်ငံ သံမှူးကြီး Mr. Hahm Jeonghan၊ MMKC နှင့် KOICA တို့မှ တာဝန်ရှိသူတို့က  Covid-19 Testing Kits နှင့် Surgical Gown များ ပေးအပ်လှူဒါန်းပြီး ညွန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်း က ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။

 

ယနေ့ လှူဒါန်းပွဲတွင် လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် ဆေးသုတေသနဦးစီးဌာနသို့ Korea International Cooperation Agency (KOICA) နှင့် Myanmar KOICA Club (MMKC) တို့မှ အမေရိကန်ဒေါ်လာ ၁၂၅၆၃ နှင့်ညီမျှသော Covid-19 Testing Kits နှင့် Surgical Gown များ ကို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ မင်းသစ်(MNA)