ဆေးလိပ်ငွေ့ကင်းစင် ကျောက်တံတားမြို့နယ်တစ်ခွင် လူထုလှုံ့ဆော်လှုပ်ရှားပွဲ စတင်ဖွင့်လှစ်

ရန်ကုန်  ၆  ဇန်နဝါရီ 

 

ရန်ကုန်တိုင်းဒေသကြီး ဆေးလိပ်ငွေ့ကင်းစင် ကျောက်တံတားမြို့နယ်တစ်ခွင် လူထုလှုံ့ဆော် လှုပ်ရှားပွဲ စတင်ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့ညနေ ၄ နာရီတွင် ကျောက်တံတားမြို့နယ် မဟာဗန္ဓုလပန်းခြံတွင် ကျင်းပရာရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ကျောက်တံတား မြို့နယ် အုပ်ချူပ်ရေးမှူး ဦးထူးကျော်နှင့် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာသန်းစိန်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 

ထို့နောက် မြို့တော်ဝန် ဦးမောင်မောင်စိုးက အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းမှ အဖွဲ့ဝင်များနှင့်အတူ လူထုလှုံ့ဆော်လှုပ်ရှားပွဲတွင် အဆို အကများ ကျန်းမာရေးပညာပေးသီချင်းများနှင့် ဖျောဖြေမှုကို ကြည့်ရှုအားပေးသည်။

 

111 DSC_1

 

ဆက်လက်၍ မြို့တော်ဝန်နှင့် အဖွဲ့သည် ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှု ထိန်းချုပ်ရေးအသိပညာပေး အမေးအဖြေပြုလုပ်ခြင်း၊ ကျား၊ မ၊ ကလေး၊ လူကြီး၊ မသန်စွမ်း၊ ကိုယ်ဝန်ဆောင် ကျန်းမာရေးပြခန်း၊ ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အသိပညာပေး ပြခန်းများ ဖွင့်လှစ်ထားမှုကို လှည့်လည်ကြည့်ရှုကြသည်။

 

ကျောက်တံတားမြို့နယ် တစ်ခွင်ဆေးလိပ်ငွေ့ကင်းစင်စီမံချက်သည် ဆေးလိပ်သောက်သူများ၏ အခွင့်အရေးကို ပိတ်ပင်တားစီးချင်းမဟုတ်ပဲ ဆေးလိပ်သောက်သုံးသူများမှ ထွက်ရှိလာသောဆေးလိပ်ငွေ့သည် ပတ်ဝန်းကျင်ရှိ အများပြည်သူများ၏ ကျန်းမာရေးကိုမထိခိုက်စေရန် စီမံဆောင်ရွက်ခြင်းသာဖြစ်သည်။

 

ဆေးလိပ်သောက်သုံးသူများမှ ရှုထုတ်လိုက်သော ဆေးလိပ်ငွေ့နှင့် သောက်သုံးစဉ် ဆေးလိပ်မှ ထွက်နေသော အခိုးအငွေ့များကို ကလေးသူငယ်များ ကိုချောင်းဆိုး၊ ရင်ကြပ်၊ ပန်းနာ၊ အသက်ရှုလမ်းကြောင်းရောဂါများ၊ နားယောင်ယမ်းခြင်း၊ တစ်နှစ်အောက်ကလေးငယ်များရုတ်တရက် သေးဆုံးခြင်း တို့ဖြစ်စေတတ် ပါသည်။ လူကြီးများတွင် အဆုတ်ကင်ဆာ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ လေဖြတ်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်မျာတွင်၊ ကိုယ်အလေးချိန်မပြည့်မီသော ကလေးမွေးဖွားခြင်းတို့ ဖြစ်စေသည်။

 

ထို့အပြင် လူကြီးများတွင် နာတာရှည်အဆုတ်ရောဂါ လည်ချောင်းကင်ဆာ၊ အသံအိုးကင်ဆာ၊ အမျိုးသမီးများတွင် သာမြက်ကင်းဆာတို့ ဖြစ်စေသည်။ ကမ္ဘာတစ်ဝန်းအမျိုးသမီးဦးရေ၏ ၃ ပုံ-၁ ပုံ (၃၃ ရာခိုင်နှုန်း) နှင့် အမျိုးသားဦးရေး၏ ၅ ပုံ-၁ ပုံ (၂၀ ရာခိုင်နှုန်း) သည် တစ်ဆင့်ခံံဆေးလိပ်ငွေ့များကို ရှုရှိုက်နေရသည်။ မြန်မာနိုင်ငံတွင် ဆေးလိပ်ဆေးရွက်ကြီးသောက်သုံးမှုကြောင့် နှစ်စဉ် လူဦးရေ ၆၅၆၅၀ သေဆုံးလျက်ရှိပြီးစုစုပေါင်းသေဆုံးမှု၏ ၁၇ ဒသမ ၆ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။

 

ယခုစီမံချက်သည် ၂၀၁၆ ခုနှစ် မြန်မာနိုင်ငံဆေးလိပ်ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည် ဖော်ခြင်းဖြစ်သည်။ အများပြည်သူနှင့် သက်ဆိုင်သောနေရာ၊ လုပ်ငန်းးခွင်များ၊ ကျောင်းများ၊ ရုံးများ၊ ဈေးများ၊ ဟိုတယ်နှင့် တည်းခိုခန်းများ၊ စားသောက်ဆိုင်များ၊ ရုပ်ရှင်ရုံများစသည်တို့တွင် ဆေးလိပ်မသောက်သုံးရန် ဖြစ်သည်။

 

သတင်း-ကိုကိုဇော်

 

ဓာတ်ပုံ-ဇော်မင်းလတ်

 

DSC_1387