ဆော်လမွန်အလှမွေးကြက် ပြိုင်ပွဲကျင်းပ 

မန္တလေး ၄ ဇန်နဝါရီ     

 

မန္တလေးမြို့မှာ သတ္တမအကြိမ်မြောက် အိမ်မွေးတိရစ္ဆာန်ပြပွဲနှင့် ပြိုင်ပွဲတွင် ဆော်လမွန်အလှမွေး ကြက်ပြိုင်ပွဲကို ယနေ့ကျင်းပပြုလုပ်ခဲ့သည်။ 

 

သတ္တမအကြိမ်မြောက် အိမ်မွေးတိရစ္ဆာန်ပြပွဲနှင့် ပြိုင်ပွဲတွင် ခွေးပြိုင်ပွဲ ၊ ကြောင်ပြိုင်ပွဲ ၊ Burmese Spitz Dog Show များအပြင် ဆော်လမွန်အလှမွေးကြက်ပြိုင်ပွဲလည်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

“ထူးခြားတာက သတ္တမမြောက်ပြုလုပ်မယ့် အိမ်မွေးတိရစ္ဆာန်ပြပွဲနဲ့ ပြိုင်ပွဲမှာ ကြက်အလှပြိုင်ပွဲပါဝင်တယ်။ Serama မြန်မာလို ဆော်လမွန်ကြက်ပြိုင်ပွဲ ပါဝင်ပါတယ်” ဟု မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ် (မန္တလေးတိုင်းဒေသကြီး) ဥက္ကဋ္ဌ ဒေါက်တာခင်ဇော်က ပြောသည်။

 

ဆော်လမွန်ကြက်သည် မလေးရှားနိုင်ငံတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ခန့်ကတည်းက မျိုးစပ်ထားပြီး ၁၉၉၀ မှာ တရားဝင်ပြသခဲ့သည့် ကြက်မျိုးဖြစ်သည်။ သတ္တမအကြိမ်မြောက်ပြုလုပ်သည့် အိမ်မွေးတိရစ္ဆာန်ပြပွဲနှင့် ပြိုင်ပွဲတွင် ဆော်လမွန်ကြက်ပြိုင်ပွဲ ၇ ခုပါဝင်ကြောင်း သိရသည်။  ကြက်ပြပွဲတွင် နိုင်ငံပေါင်း ၂၀ မှ ကြက်မျိုးတွေ ပါဝင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတ္တမအကြိမ်မြောက် အိမ်မွေးတိရစ္ဆာန်ပြိုင်ပွဲကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်မှ ၆ ရက်အထိ မနော်ရမ္မံကစားကွင်းတွင် ယနေ့စတင်ကျင်းပနေပြီ ဖြစ်သည်။ 

 

ကြက်ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်ကြေးမှာ ကြက်အတန်းအစားအလိုက် အနည်းဆုံး ၁၀၀၀ ကျပ်မှ ၃၀၀၀ ကျပ် ဖြစ်ကြောင်း သိရသည်။

 

အိမို့မို့ခိုင်

 

20190104091326_IMG_3753-01