ဆစ်ဒနီမြို့သားနှင့်ခဏတာ

mdn

သတင်းဆောင်းပါး - လင်းဆက်ငြိမ်းချမ်း

 

ကျွန်တော်တို့မုံရွာထောင်ထဲရောက်တော့ တခြားသူများလို ထောင်ဝင်စာမရှိ သဖြင့် စားရေးသောက်ရေး အင်မတန်ဒုက္ခရောက်ကြရသည်။ ထောင်ဝင်စာ ရှိသူများကတော့ ကြာရှည်ခံအကြော်အလှော်မျိုးစုံရှိသဖြင့် ထောင်ကကျွေး သော ပဲဟင်းကို ရန်ဟင်းချိုပမာ အရည်သောက်အဆင့် သဘောထားနိုင် ကြသည်။ ကျွန်တော်တို့အတွက်တော့ နေ့ခင်းစာပဲဟင်းသည် အဓိကဟင်းလျာ ထောင်အာဏာပိုင်များအလစ်တွင် ခူးထားသော အဆောင်နံဘေးမှ လတ်လတ် ဆတ်ဆတ် ကန်စွန်းရွက်များကို ရဲရဲပူနေသောပဲဟင်းနှင့် တို့မြှုပ်လိုက်ရ သည်မှာ အရသာရှိပါ။

 

နေ့ခင်းစာပဲဟင်းမှာ ပြဿနာမရှိသော်လည်း ညနေခင်းသည့် ဟင်းနုနယ်ဟင်းချိုမှာမူ ဘာအရသာမှမရှိသဖြင့် ညနေတိုင်း မျိုးချရသည်မှာ တစ်ပတ်ခန့်ကြာတော့ အင်မတန်ခက်ခဲပြီ။ ထို့ကြောင့် တချို့သောညနေမျိုး တွင် ထမင်းပူပူမှာ ဆားဖြူးလို့ မသေအောင်ဝင်သလောက် အားတင်းများ။ တချို့ညနေများကျတော့ မုံရွာနိုင်ကျဉ်းများပေးသည့်ငါးပိကြော်လေးဘာလေး ဖြင့် အိုကေ။

 

ပဲလှော်သည် ကျွန်တော်တို့အတွက် ညနေစာ

 

ကျွန်တော်တို့ရန်ကုန်ကျောင်းသားအတွဲက ငါးယောက်ကြီးများတွင် ဆိုတော့ မုံရွာသားနိုင်ကျဉ်းများက အမြဲတမ်းတစ်ခုခုပေးနိုင်ရန်မလွယ်။ တစ်ခါတစ်ရံ ပဲလှော်တစ်ဆုပ်ပေးသည်။ ပဲလှော်ကို အပျင်းပြေဒီအတိုင်းစား လိုက်နိုင်သည့် ဘဝပေးမျိုး ကျွန်တော်တို့တွင်မရှိ။ ညနေစာကို ဆားဖြင့် (သို့မဟုတ်)ဟင်းနုနယ်ဟင်းရည်ဖြင့်စားတာထက် ပဲလှော်ဖြင့်ဆိုလျှင် အရသာ နည်းနည်းပိုရှိနိုင်သဖြင့် ပဲလှော်သည် ကျွန်တော်တို့အတွက် ညနေစာ ရသမျှ ပဲလှော်ကို ငါးယောက် ဝေပုံချလိုက်တော့ တစ်ခါတလေ ၁၀ စေ့ကျော်၊ နည်းလျှင် ခုနစ်စေ့၊ ရှစ်စေ့။ ထမင်းတစ်လုတ်တင်ဈေးနှုန်းဖြင့် တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ဖေးမကြရသည်။ ၁၉၉၀ ပြည့်နှစ်သည် ကျွန်တော် တို့အတွက် တကယ့်ကိုအသည်းအသန်။

 

လာမည့် ဧပြီလဆိုလျှင် အထက်ပါအဖြစ်အပျက်များသည် နှစ်ပေါင်း ၃၀ ပြည့်တော့မည်ဖြစ်သည်။ နှစ် ၃၀ ပြည့်တော့မည့်အချိန်တွင် ကျွန်တော်တို့ အမှုတွဲ ငါးယောက်မှာ တစ်နှစ်တစ်ခါတွေ့ဖို့ပင် မလွယ်သည်အထိ ကိုယ့်အရွေ့ နှင့်ကိုယ် ဗျာများနေရသည်။ တစ်ယောက်ကသေသလား ရှင်သလားမသိ နောက်တစ်ယောက်က ရေစက်ရယ်မကုန်သေးသဖြင့် ထောင်ထဲမှာ နောက်ထပ်တစ်ယောက်က ဟိုးခပ်ဝေးဝေးနေရာတွင် ရွှေမုဆိုး ကျွန်တော်က စာပေတောထဲတွင် ချာချာလည်၊ နောက်တစ်ယောက်က အခုကျွန်တော့် ဘေးနားတွင် ခဏတာပြန်ဆုံခွင့်ရ ဩစတြေးလျနိုင်ငံသား ကျွန်တော်ပြောချင်တာက ကျွန်တော့်အမှုတွဲ ဩစတြေးလျနိုင်ငံသား၊ ဆစ်ဒနီမြို့ သား ပြောပြသည့်စကား။

 

နှစ်နှစ်ဆက်တိုက် ပြန်ရောက်လာ

 

 ၁၉၉၇ ခုနှစ်ကတည်းက သူဩစတြေးလျရောက်သွားသည်။ ရောက် ရောက်ချင်း ခြောက်နှစ် ခုနှစ်နှစ်ကြာသည့်တိုင် သူပြန်မလာ။ နောက်ပိုင်းကျမှ သုံး၊ လေးနှစ်တစ်ခါ သူမြန်မာနိုင်ငံသို့ ပြန်လာရာမှ ယခုဆို နှစ်နှစ်ဆက်တိုက် ပြန်ရောက်လာခြင်းဖြစ်သည်။ ယခုအခေါက်ကတော့ ခွင့်တစ်လခွဲယူခဲ့သည်။ ဘုန်းကြီးပြန်ဝတ်သည်။ လူထွက်ပြီးနောက် ကျွန်တော်တို့နှစ်ယောက် ဆုံကြသည်။ ကျန်အမှုတွဲ သုံးယောက်က ဆက်သွယ်မှုဧရိယာပြင်ပမှာဆိုတေ ကျွန်တော်တို့ နှစ်ယောက်တည်း။

 

သူကကျွန်တော့်ထက် ၄-၅ နှစ်ကြီးသဖြင့် အသက် ၅၀ ကျော်ပြီဖြစ် သော်လည်း ကျွန်တော့်ထက် ပိုနုပျိုလို့နေသည်။ နုပျိုခြင်း၏ လျှို့ဝှက်ချက်ကို ကျွန်တော်လေ့လာကြည့်မိသည့်အခါ သူတို့ဘဝ လောကဓံနည်းခြင်းဟု အဖြေ ထွက်ပေသည်။

 

သူတို့ဘဝဆိုသည်မှာ သူတို့ဩစတြေးလျနိုင်ငံသားများဘဝကို ဆိုလို ခြင်းဖြစ်သည်။ သူတို့အတွက် အလုပ်ပြုတ်မှာမပူရ၊ နောက်အလုပ်တစ်ခုက အလွယ်တကူရှိသလို နောက်အလုပ်မရခင်စပ်ကြား အလုပ်လက်မဲ့ထောက်ပံ့ ကြေးဖြင့် ထမင်းတင်မက ယမကာပင် နပ်မှန်အောင်သောက်နိုင်သဖြင့် သက်သောင့်သက်သာ။ အလုပ်လက်မဲ့ထောက်ပံ့ကြေးကို အလုပ်ရှာနေကြောင်း သက်သေပြနိုင်လျှင်ပေးသည်။ သက်သေပြတာကလည်း ခဲရာခဲဆစ်မဟုတ်။  အလုပ်တစ်ခုခုသို့ ဖုန်းဆက်၊ အလုပ်ရှိလားတစ်ခွန်းမေး၊ အဲဒီလောက်ဆို သက်သေပြစရာရပြီမို့ အိုကေ။

 

မချမ်းသာချင်နေမည် ငတ်မှာကိုမပူရ

 

အိမ်ထောင်ဦးစီး၏ ဝင်ငွေကိုကြည့်ပြီး မိန်းမအလုပ်မရှိလျှင်လည်း ထောက်ပံ့ကြေးပေးသည်။ ကလေးစရိတ်ကိုလည်း သူ့သတ်မှတ်ချက်ဘောင်ဝင်လျှင် ပေးသည်ဆိုတော့ သူတို့၏ဘဝမှာ မချမ်းသာချင်နေမည်။ ငတ်မှာကိုမပူရ၊ ထို့ပြင် လုပ်ငန်းခွင်အတွင်း အလုပ်ရှင်နှင့် အလုပ်သမားဆက်ဆံရေးသည် အကျိုးတူ ပူးပေါင်းလုပ်ကိုင်နေသူများပမာ ကိုယ့်တာဝန်ကိုယ်ကျေပွန်လျှင် လုံလောက်သည့်သဘော။ 

 

' “ငါက ပလတ်စတစ်စက်ရုံကြီးတင်ရုံက ကျွမ်းကျင်ဝန်ထမ်းအဆင့်ပါပဲ။ သူတို့စက်ရုံတွေရဲ့ သဘာဝက အလုပ်သမားတွေကို စိတ်ညစ်အောင် မလိုအပ်တဲ့ ဖိအားပေးတာမျိုးတွေ မရှိတော့ ငါဆိုဒီစက်ရုံမှာ လုပ်သက်တော်တော်ရင့်နေပြီ' ဟု သူကဆိုသဖြင့် ကျွန်တော်လုပ်ခဲ့ဖူးသော စက်ရုံများဆီသို့ အတွေးပြန်မရောက် | အောင် ထိန်းကာ ငေးကြည့်နေမိသည်။

 

ကျွန်တော့်မိတ်ဆွေ စက်ရုံလုပ်သားကြီးမှာ ကျွန်တော်တို့ငယ်ငယ်တုန်းက မြင်ခဲ့ဖူးသော စံပြလုပ်သားကြီးများ လိုကျားကျားလျားလျားဖြင့် အလုပ်ဟူသမျှ သိမ်းကျုံးလုပ်ကာ အိမ်ပြန်ရောက်တော့ ထမင်းကြမ်းနှင့် ငါးပိရည်ကို မျိုချနေရ သူမျိုးမဟုတ်။

 

အိုဗာတိုင် ဆင်းမဆင်းသည် အလုပ်သမား၏ အခွင့်အရေး

 

ခြံနဲ့ဝင်းနဲ့ အိပ်ခန်း သုံးခန်းပါသောအိမ်ကို အရစ်ကျစနစ်ဖြင့် ဝယ်ထားသည်မှာ မကြာမီ လုံးဝအကြွေးကျေတော့မည်တဲ့။ မနက်ခင်းရောက်လျှင် လင်မယားနှစ်ယောက် ကိုယ့်အားကိုယ်မောင်းကာ ကိုယ့်အလုပ် ကိုယ့်ဘာသာ သွားကြသည်တဲ့။ စနေ၊ တနဂငေ်္နွ အလုပ်ပိတ်သည်။ အခြားသောရုံးပိတ်ရက်များသည် စနေ၊ တနဂငေ်္နွနှင့် တိုက်နေပါက နောက်တစ်ရက်ပိတ်ရက် ထပ်ပေးသည်။ နေ့စဉ်အိုဗာတိုင်ရှိသလို စနေဆို အိုဗာတိုင်ရှိသော်လည်း အိုဗာတိုင်ဆင်းမဆင်းသည် အလုပ်သမား၏ အခွင့်အရေးခဲ့ ကိုယ့်ဘာသာဆုံးဖြတ်။

 

အိုဗာတိုင်ဆင်းလို့ ဖိအားပေးတာမျိုး၊ ကြည်တာမျိုးမရှိဘူး၊ ငါဆို စက်ရုံအတွက် တကယ်လိုအပ်တဲ့အချိန်မျိုးလောက်ပဲ အိုဗာတိုင်ဆင်းပေးတယ်" ဟု ၎င်းက ဆက်ပြောသည်။

ဘာ့ကြောင့် အိုဗာတိုင်ဆင်းသလဲဟု ထပ်မံစမ်းကြည့်လိုက်တော့ သူရရှိသောလစာမှာ အိုဗာတိုင်ဆင်းစရာမလိုသောကြောင့် ဖြစ်သည်။ သူတို့နိုင်ငံ ၏ လစာပေးစနစ်မှာ တစ်ပတ်တစ်ကြိမ်ရှင်းစနစ်။ အခွန်နုတ်ပြီး သူ့ဝင်ငွေ၏ ဆယ်ပုံပုံနှစ်ပုံခန့်သာလျှင် သူတို့လင်မယား စားသောက်စရိတ်ကုန်ကျပြီး အခြားသော မီးဖိုး၊ စည်ပင်ခွန် စသည်တို့ ထပ်ဖြည့်လိုက်ပါက သူ့ဝင်ငွေ၏ တစ်ဝက် မကုန်၊ သူ့မိန်းမလစာသည် အသားတင်ပို့ ချေးငွေဖြင့် ဝယ်ထားသော အိမ် မြန်မြန်ပိုင်အောင် များများဆပ်။

 

'တစ်ခုတော့ မကောင်းဘူးပေါ့ကွာ။ ငါတို့ဆီမှာက လစာတွေဘာတွေ အကုန်လုံးက ဘဏ်စနစ်နဲ့ပဲသွားတာဆိုတော့ မိန်းမသိအောင်ပိုက်ဆံခိုးသုံး ရတာ မလွယ်ဘူး' ဟု အရွှန်းဖောက်လိုက်သဖြင့် သူတို့နိုင်ငံက ယောကျာ်းသား များကို သနားရမှာလိုလို။

 

လုပ်ငန်းခွင် တည်ငြိမ်သည်။ ငွေပိုငွေလျှံရှိသည်။ လုံလောက်သော အနားယူချိန်ရှိသည်။ အနားယူချိန်တွင် အနားယူချင် စဖွယ်ဖြစ်အောင်လည်း အစိုးရ၏ ဖန်တီးပေးမှု ရှိသေးသည်တဲ့ မည်သို့သော ဖန်တီးပေးမှုလဲဆိုတော့ တနဂငေ်္နွနေ့တိုင်းတွင် သူတို့ပြည်သူများ ခရီးထွက်ချင်စိတ်ဖြစ်စေရန်ရည်ရွယ်ကာ လေယာဉ်မှပပကြိုက်တာ စီးနှစ်ဒေါ်လာသာ ကောက်ခံခြင်းစနစ်ဖြစ်သည်။

 

ကဲ၊ ချမ်းသာသောနိုင်ငံမှ ပြည်သူများ၏ဘဝမှာ ဘယ်လောက်ကောင်း | လိုက်လေသနည်း။ အစိုးရက ထောလွန်းလှသဖြင့် သူတို့ပြည်သူများကို ကြံဖန် ပြန်လည်ဖြည့်ဆည်းပေးခြင်းဟု ဆိုလျှင်မမှာ။ သို့သော် ထင်သလိုနေထိုင်ခွင့် မရှိ ထင်ရာလုပ်ခွင့်မရှိ ချစ်တော့ချစ်သည်။ လုံးဝအလိုမလိုက်ဆိုသည့် သဘော။

 

ဘယ်သူမဆို အခွန်ငွေရှောင်လို့မရအောင် သေချာလုပ်ထား

 

“သူတို့က တိုင်းပြည်စီးပွားဖွံ့ဖြိုးတာက တစ်ပိုင်း။ စာရင်းဇယား အချက် အလက်တွေကလည်း အင်မတန်တိတိကျကျရှိတော့ အခွန်ငွေကို သေချာ ကောက်နိုင်တယ်။ ဘယ်သူမဆို အခွန်ရှောင်လို့မရအောင် သေချာလုပ်ထား နိုင်တယ်။ ပြောရမယ်ဆိုရင် အစိုးရက အခွန်နဲ့ပတ်သက်ရင် အလိုမလိုက်ဘူး” ဟု ၎င်းက ဆက်ပြောသည်။

 

ဒီမိုကရေစီနိုင်ငံများသည် လူ့အဖွဲ့ အစည်း၏ လွတ်လပ်ခွင့်ကိုရော လူတစ်ဦးချင်းစီ၏ လွတ်လပ်ခွင့်ကိုပါ အသေးစိတ်အလေးထားမှုရှိသော်လည်း သတ်မှတ်ထားသော စည်းကမ်းဥပဒေကို အတိအကျလိုက်နာခြင်းသည် ဒီမို ကရေစီနိုင်ငံများ၏ အရေးကြီးသောသင်္ကတေဟု ၎င်းက ဆက်လက်ပြောသည်။

 

ပြောရရင် စည်းကမ်းကြီးလှတဲ့ ကျောင်းအုပ်ကြီးလိုပဲ စည်းကမ်းနဲ့ ပတ်သက်ရင် ငါးပြားတစ်စေ့ အလျှော့မပေးဘူး။ ငါတို့ရန်ကုန်မှာလို အများ ပြည်သူ အပန်းဖြေတဲ့နေရာမျိုးမှာ သောက်စားမူးယစ်နေတာမျိုး မရှိဘူး။ ရှိရင်လည်း ထောင်ထဲတန်းဝင်ပဲ

 

ကားလမ်းမနံဘေးတွင် ကီလိုမည်သာ မောင်းရန်ဟူ၍ သတိပေးချက် များရှိသည်။ အဝေးပြေးတွင်ဆိုတစ်မျိုး မြို့တွင်းဆိုတစ်မျိုး၊ စာသင်ကျောင်း အနီးဆို မောင်းရမည့် ကီလိုတစ်မျိုး၊ သတိပေးချက်ထက် ပိုမောင်းသဖြင့် အဖမ်းခံရလျှင် ဒဏ်ငွေက ဒေါ်လာ ၃၀ဝ၊ ရိုက်ချက်က ထိုသို့ခပ်ပြင်းပြင်း။

 

“ငွေတတ်နိုင်လို့ အေးဆေးပဲဆိုတာမျိုး လုပ်လို့မရဘူး။ တစ်နှစ်အတွင်းမှာ စည်းကမ်းဖောက်တာ ဘယ်ခါဆို လိုင်စင်တစ်နှစ်ပိတ်တာမျိုး၊ စည်းကမ်း ဖောက်တာကြမ်းရင်ကြမ်းသလို ပြစ်ဒဏ်ကလည်း ကြီးတာပဲ။ ပြီးတော့ ဆေးလိပ်မသောက်ရ သတ်မှတ်ထားတဲ့နေရာ လုံးဝမသောက်ရတာမျိုး၊ စည်ပင်အခွန် ပေးထားတာပဲဆိုပြီး စည်းကမ်းမဲ့ အမှိုက်စွန့်လို့မရတာမျိုး။ ပြစ်ဒဏ်ကလည်း ခပ်ပြင်းပြင်းမို့ စည်းကမ်းဖောက်တာမျိုးက သိပ်နည်းတယ်' ဟု သူဆက်ပြောပြသည်။

 

သူ့မြေသူ့ရေဆိုသည့် စိတ်သည်အပြည့်

 

သူဘာ့ကြောင့် ပြောပြနေသလဲဆိုသည်ကို ကျွန်တော်သေချာသိသည် သူဩစတြေးလျနိုင်ငံအကြောင်း ဂုဏ်ယူစွာဖြင့် ကြားနေခြင်းမဟုတ်ကြောင်း ကျွန်တော်သေချာသိသည်။ သူ၏လက်ရှိဘဝမှာ မြန်မာနိုင်ငံသားတစ်ဦး မဟုတ်တော့သော် လည်း သူ့သူ့ရေးဆိုသည့် စိတ်သည်အပြည့်။ ထိုစိတ်ဖြင့် ပြောနေမှန်း ကျွန်တော်သံသယမရှိ။

 

ဒီမိုကရေစီနိုင်ငံဆိုတာ ကြီးသင့်ကြီးထိုက်တဲ့ စည်းကမ်းကြီးတယ်။ အရေးယူတာတွေကလည်း ထိထိရောက်ရောက်၊ ပယ်ပယ်နယ်နယ်ရှိတယ် ဆိုတာ ငါတို့မြန်မာနိုင်ငံသားတွေ ကျယ်ကျယ်ပြန့်ပြန့် သိလာလေ၊ သွားရတဲ့ ခရီးက ပိုတွင်လေဖြစ်မှာသေချာတယ်” ဟု ၎င်းက ပြောသည်။

 

ပြီးတော့ သူဆက်ပြောဖြစ်တာက ဩစတြေးလျသို့ ပြန်မည့်ရက်နီးလာ တိုင်း မပြန်ချင်စိတ်က ဖိစီးလာသည့်အကြောင်း၊ ၆၅ နှစ်ပြည့် ပင်စင်ယူပြီး နောက်တွင် ပင်စင်ငွေထုတ်၊ ရှိသမျှအကုန်ရောင်းကာ ကိုယ့်ရပ်ကိုယ်ရွာ၌ ပြန်လည်အခြေချရန် မျှော်မှန်းထားကြောင်း၊ ဩစတြေးလျသည် နေလို့ ကောင်း၊ ရှာလို့ကောင်းပြီး အစစအရာရာ ကောင်းမွန်သော်လည်း သေလို့ ကောင်းမည့်နေရာဟု သူမထင်ကြောင်းပြောတော့ ကျွန်တော်သိပ်နားမလည်။  ဆစ်ဒနီမြို့သား၏ စကားမှာ ကျွန်တော့်နားထဲ ကန့်လန့်ကြီးဝင်လာ သလိုမျိုး။ ကိုယ့်ဆွေကိုယ့်မျိုး မရှိသောအရပ်တွင် သေရခြင်းကို သေလို့ မကောင်းဘူးဟု ဆိုလိုတာလား၊ သူစိမ်းတို့၏အလယ်တွင် အထီးကျန်ဆန်စွာ မသေချင်ဘူးဟု ဆိုလိုတာလား၊ ကျွန်တော်မမေးမိ ။

 

အချိန်က နည်းနည်းလွန်ချင်နေပြီမို့ နောက်ဆုံးတစ်ခွက်ကို ဖြတ်ကာ နောက်တစ်နှစ်ထပ်ဆုံရန်သာ ကျွန်တော်တို့ အလောသုံးဆယ်ချိန်းဆိုမိနေသဖြင့် သေလို့မကောင်းဟုဆိုသော သူ့အဓိပ္ပာယ်ကို ယခုတိုင် ကျွန်တော် ခေါင်းစားနေရဆဲဖြစ်သည်။