စေတုတ္တရာမြို့၏ မြောက်-အနောက်မြောက်ဘက် (၂၃)မိုင်ခန့်အကွာတွင် အင်အားရစ်(ခ်)တာစကေး (၄ ဒသမ ၄) အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ရှား

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ(၂၆) ရက်

မြန်မာစံတော်ချိန် (၂၂) နာရီ၊ (၃၅) မိနစ်၊ (၄၅)စက္ကန့် အချိန်တွင် ညောင်ဉီးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၅၆) မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (စေတုတ္တရာမြို့၏ မြောက်-အနောက်မြောက်ဘက် (၂၃)မိုင်ခန့်အကွာ)၊ မြောက်လတ္တီ တွဒ် (၂၀.၇၈) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၁၇) ဒီဂရီ၊ အနက်(၄၇)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄.၄)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန