စေ့စပ်လိုက်ပြီဖြစ်တဲ့ မက်ဂန်ဖောက်င်နဲ့ မက်ရှင်းဂန်းကယ်လီ

ဇန်နဝါရီ   ၁၆

ကျော်ကြားတဲ့ ကြယ်ပွင့်စုံတွဲတစ်တွဲဖြစ်တဲ့ မက်ဂန်ဖောက်ဇ်နဲ့ မက်ရှင်းဂန်းကယ်လီ တို့ဟာ လတ်တလောမှာ စေ့စပ်လိုက်ပြီဖြစ်ကြောင်း အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

သရုပ်ဆောင်တစ်ဦးဖြစ်သူ မက်ဂန်ဖောက်ဇ်နဲ့ တေးသံရှင်တစ်ဦးဖြစ်သူ မက်ရှင်းဂန်းကယ်လီတို့ဟာ သူတို့နှစ်ဦး တစ်ဦးကိုတစ်ဦး စတင်ချစ်မိသွားခဲ့တဲ့အချိန်က တွေ့ဆုံခဲ့တဲ့ ညောင်ပင်အောက်မှာပင် စေ့စပ်ခဲ့ကြတာဖြစ်ပါတယ်။ မက်ရှင်းဂန်းကယ်လီ က မက်ဂန်ဖောက်ဇ်ကို လက်ထပ်ခွင့် တောင်းဆိုခဲ့ကာ မက်ဂန်ဖောက်ဇ်ကလည်း လက်ခံခဲ့ပါတယ်။ ဒီလို လက်ထပ်ခွင့်တောင်းဆိုခဲ့တဲ့ ပုံရိပ်တွေကိုလည်း မက်ရှင်းဂန်းကယ်လီက သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ ဖော်ပြခဲ့ပြီး အမှတ်တရ စာသားအချို့ကိုလည်း ရေးသားဖော်ပြခဲ့တာ တွေ့ရပါတယ်။

မက်ဂန်ဖောက်ဇ်နဲ့ မက်ရှင်းဂန်းကယ်လီတို့ဟာ ၂၀၂၀ ပြည့်နှစ်အတွင်း ချစ်သူတွေအဖြစ် တရားဝင်လက်တွဲခဲ့ကြကာ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၂ ရက်မှာတော့ စေ့စပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ချစ်သူတွေအဖြစ် လက်တွဲနေစဉ် အခမ်းအနားတွေကိုလည်း အတူ တက်ရောက်ခဲ့တာကိုလည်း တွေ့ရပါတယ်။

အေးပြည့်