စျေး၊ လမ်း၊ အဆောက်အဦအတွင်းနှင့် လူပေါ်သို့ ပိုးသတ်သန့်စင်ဆေးဖျန်းခြင်းက COVID-19 ရောဂါ ကာကွယ်ရာတွင် အကျိုးရှိပါသလား?

(၂၀၂၀) ပြည့်နှစ်၊ ဇူလိုင်လ (၉) ရက်နေ့

• ဒီနေရာတွေမှာ ပိုးသတ်သန့်စင်ဆေးရည်ကိုဆေးဖျန်းခြင်း (သို့မဟုတ်) အငွေ့ပုံစံဖြင့် မှုတ်ခြင်းဖြင့် ကိုရိုနာဗိုင်းရပ်စ်ပိုးအား ထိရောက်စွာပိုးသတ်သန့်စင်စေနိုင်သည်ဟူသော တိကျခိုင်မာသည့်သက် သေအထောက်အထားများ မတွေ့ရှိရပါ။

 

• ထို့အပြင် ထိုသို့ပြုလုပ်ခြင်းသည် လူအများကျန်းမာရေးအတွက် အန္တရာယ်ပင် ဖြစ်စေနိုင်ပါတယ်။

 

• ပိုးသတ်သန့်စင်ဆေးရည် (သို့မဟုတ်) အခြားဓာတုဆေးရည် အပျော့စားများကို လူ့ခန္ဓာကိုယ်ပေါ်သို့ ပက်ဖျန်းခြင်းဖြင့် ပိုးသတ်သန့်စင်ရန် လုံးဝမသင့်ပါ။

 

• (၂၀၂၀) ပြည့်နှစ်၊ ဇွန်လ (၂) ရက်နေ့တွင်ဖော်ပြခဲ့သည့် စျေး၊ လမ်း၊ အဆောက်အဦ အတွင်းနှင့် လူပေါ်သို့ ပိုးသတ်သန့်စင်ဆေးဖျန်းခြင်းနှင့် ပတ်သက်သည့် "ဒီနေ့အတွက် သိကောင်းစရာ (၁၂)" နှင့် အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများတွင် ပိုးသတ်သန့်စင်ခြင်းဆိုင်ရာ သိကောင်းစရာ (Version 2.0) တို့ကိုလည်း ထပ်မံဖော်ပြ အပ်ပါသည်။

 

"လူအများအသုံးပြုသော စင်္ကြန်လျှောက်လမ်း၊ ကွန်ကရိမခင်းထားသောလမ်း၊ လှေကားများတွင် ပိုးသတ်ဆေးဖျန်းခြင်းသည် ထိရောက်မှုမရှိသည့် အပြင်သတ္တုပစ္စည်း များကို စားလောင်စေခြင်း၊ ရေနေသတ္တဝါများကို ပျက်စီးစေခြင်းတို့ဖြစ်စေ၍ လူအများ ကျန်းမာရေးအတွက် အန္တရာယ်ပင် ဖြစ်စေနိုင်ပါတယ်။"

#Ministry_of_Health_and_Sports, #MoHS, #COVID19, #ကိုရိုနာဗိုင်းရပ်စ်

223344556677889