စစ်တွေမြို့ ပြည်နယ်တရားရုံးဝင်းအတွင်း မီးလောင်မှုဖြစ်

စစ်တွေ  ၁၀  ဇန်နဝါရီ

ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်တော်သာရပ်ကွက်ရှိ ပြည်နယ်တရားရုံးဝင်းအတွင်း ဇန်နဝါရီ ၉ ရက် ည ၁၁ နာရီ ၄၀ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာနေရာသို့ စစ်တွေခရိုင် မီးသတ်စခန်းမှ မီးသတ်ယာဉ် ၄ စီး၊ သန္ဓေ ၂၅ ဦး၊ အရန် ၁၁ တို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး ည ၁၁ နာရီ ၅၃ မိနစ်တွင် မီးထိန်းနိုင်ခဲ့ကာ ည ၁၁ နာရီ ၅၈ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
MDN

1
 

2

3