စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ရွှေဘိုမြို့ ဒေသဖွံဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ရွှေဘို ၁၂   နိုဝင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်ဇနီးသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ ရွှေဘိုခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌများနှင့် အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်၈နာရီက ရွှေဘိုမြို့နယ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

 

ရှေးဉီးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေဘိုမြို့ ရန်ကြီးအောင်ပန်းခြံအတွင်း အများပြည်သူ စိတ်ချမ်းသာစွာအပန်းဖြေစရာ သတ်မှတ်နေရာအသီးသီးတို့၌ အသက်(၁၂)အောက် ကလေး ကစားကွင်း ဆောင်ရွက်ထားရှိမှု၊ ရေးပန်းဥယျာဉ်ဆောင်ရွက်ထားရှိမှု၊ ကန်တော်မင်္ဂလာ ပန်းခြံကျုံး သန့်ရှင်း သာယာလှပမှုနှင့် ကျန်းမာ‌ရေးလျှောက်လမ်းဆောင်ရွက်ထားရှိမှု၊ ပန်းမျိုးစုံ အလှဥယျာဉ် ဆောင်ရွက် ထားရှိမှု၊ အမှတ်တရဓာတ်ပုံရိုက်ရန်နေရာများဆောင်ရွက်ထားရှိမှု၊ အမှတ်တရ ပစ္စည်းအရောင်းဆိုင်နှင့် ကဖေးဆိုင်တည်ဆောက်ပြီးစီးမှု၊ ကျန်းမာရေး အထောက်အကူ ပစ္စည်းများ ဆောင်ရွက်ထားရှိမှုနှင့်၊ ဗိုလ်ချုပ်ကြေးရုပ် ရင်ပြင်တိုးချဲ့ ဆောင်ရွက်ထားရှိမှု အခြေအနေတို့အားကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

 

ထို့နောက် ရွှေဘိုမြို့ အမှတ်(၁၀) မြတောင်ရပ်ကွက် ဂေါက်ကွင်းလမ်းဘေးအနီး သူနာပြုနှင့် သားဖွားသင်တန်းကျောင်းဝန်း အတွင်း၌ ရွှေဘိုမြို့ သူနာပြုသင်တန်းကျောင်းသစ် အဆောက်အဦ များ ဆောက်လုပ်ပြီးစီးမှုအခြအနေနှင့် သင်တန်းသူအိပ်ဆောင် အာစီ(၃)ထပ် နှစ်လုံး၊   အာစီ(၃)ထပ်၊ ကျောင်းအုပ်နှင့် သင်ကြားရေးဆရာများ‌ နေအိမ်နှစ်လုံး၊ သင်ကြားရေးဆောင် အာစီ(၃)ထပ် တစ်လုံး၊ ထမင်းစားဆောင်နှင့် စားဖိုဆောင် အာစီ(၃)ထပ် ဆောက်လုပ်နေမှု အခြေအနေ တို့အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ကြည့်ရှုစစ်ဆေးပြီး သတ်မှတ် ကာလအတွင်း ပြီးစီးရေး၊ စံချိန်စံညွှန်းပြည်မီရေးတို့ကို အလေးထား ဆောင်ရွက် သွားကြရန်  တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

 

ထွန်းကိုကို(ယင်းမာပင်)