စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော်၊  ၂၅  ဇန်နဝါရီ

 

 

ပြ‌ည်သူ ပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် - CMRSဖြင့် သတင်းပေးပို့ချက်အရ ဇန်နဝါရီ ၆ ရက်မှ ၂၃ ရက်တို့တွင် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များပါဝင်‌သော ပူးပေါင်းအဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ နတ်နန်း ကျေးရွာအုပ်စု၊ အရှေ့ဘက် (၃) မိုင်ခွဲခန့်အကွာမှ တရားမဝင် အင်/ကညင်သစ် ၃၃ ဒသမ ၃၃၂၀ တန်အား လည်းကောင်း၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ မုံရွာ-ကလေးဝ ကားလမ်း၊ မိုင်တိုင် (၁၀/၄) တရော်ကျင်း ကျေးရွာအနီး  ခြောက်ဘီးယာဉ်ပေါ်မှ တရားမဝင် ပိတောက်ချပ် ၀ ဒသမ ၉၅၅၀ တန်အားလည်းကောင်း ဖမ်းဆီးရ မိခဲ့သည်။

 

 

ထို့အပြင်  ရခိုင်ပြည်နယ်၊  စစ်တွေမြို့နယ်၊ ဖောင်တော်ဦးဆိပ်အရှေ့ဘက် တစ်မိုင်ခန့်အကွာနေရာ၌ စက်လှေ တစ်စီးပေါ်မှ တရားမဝင် တောင်သရက်/ တောင်စကိုင်းခွဲသား ၁၄ ဒသမ ၂၃၁၈ တန်အား တရားခံ သုံးဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ညီညီသန်း (နေပြည်တော်)