စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ဇနီး ဒေါ်တင့်တင့် ရွှေဘိုမြို့ရှိ Quarantine Centre များသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး တစ်နေ့တာ အာဟာရဒါန ကုသိုလ်ပြု

မုံရွာ ၂၆ စက်တင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ဇနီး ဒေါ်တင့်တင့်သည် ရွှေဘိုခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးကိုကိုအောင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးသောင်းဟိန်းနှင့်အတူ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ မွန်းလွဲ ၂ နာရီက ရွှေဘိုတက္ကသိုလ်အတွင်း ဖွင့်လှစ်ထားသော Quarantine Centre များနှင့် ရွှေဘိုသူနာပြုနှင့် သားဖွားသင်တန်းကျောင်းအတွင်း ဖွင့်လှစ်ထားသော ယာယီဆေးရုံနေရာတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူတို့နှင့် တာဝန်ထမ်းဆောင်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများအား လည်းကောင်း၊ ရွှေဘိုမြို့ရှိ မြို့ဝင်/မြို့ထွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် စစ်ဆေးရေဂိတ်တို့တွင် တာဝန်ထမ်းဆောင်နေသော ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များမှ ကူညီဆောင်ရွက်နေသူများအား လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေး အားပေးစကားများပြောကြားခဲ့ပြီး တစ်နေ့တာ အာဟာရဒါနအဖြစ် အချိုရည်ဘူးများနှင့် စားသောက်ဖွယ်ရာ မျိုးစုံတို့ကို ကုသိုလ်ပြု ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းကိုကို(ယင်းမာပင်)