စစ်ကိုင်းတိုင်းဒေသကြီး၊ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း  မြို့နယ် ပြည်သူ့ဆေးရုံသို့ PPE ဝတ်စုံ၊ ခွဲစိတ်ခန်းသုံးဝတ်စုံများ ထောက်ပံ့ပေးအပ်

ချောင်းဦး  ၂၆   စက်တင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းနှင့်အဖွဲ့သည် ချောင်းဦးမြို့သို့ ယမန်နေ့ ညနေပိုင်းက ရောက်ရှိလာပြီး ချောင်းဦးမြို့နယ် ပြည်သူ့ဆေးရုံအတွက် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးတွင် အသုံးပြုရန် PPE ဝတ်စုံ၊ခွဲစိတ်ခန်းသုံးဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့သည်။

 

လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းနှင့် မုံရွာခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဌ၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ခရိုင်စီမံကိန်းဦးစီးမှူး၊ ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး၊ ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး အဖွဲ့ခေါင်းဆောင် ပါဝင်သောအဖွဲ့သည် ချောင်းဦးမြို့သို့ ညနေ (၃)နာရီခွဲတွင် ရောက်ရှိပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။

 

ချောင်းဦးမြို့နယ်တွင် ပထမဦးဆုံးတွေ့ရှိသည့် ကိုဗစ်-၁၉ အတည်ပြုလူနာနှင့် ပတ်သက်ပြီး ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများ ဆွေးနွေးခဲ့သည်။

 

mdn

 

ထို့နောက် ချောင်းဦးမြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်ခဲ့ရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ကျော်ထွန်းဦးက လူနာထားရှိ ကုသပေးနေသည့် ဆောင်ရွက်မှုများအား ရှင်းလင်း ပြောပြခဲ့သည်။လူမှုရေးဝန်ကြီးမှ ပြည်သူ့ဆေးရုံတွင် အသုံးပြုရန် PPE ဝတ်စုံ(၅)စုံ၊ ခွဲစိတ်ခန်းသုံး ဝတ်စုံ (၅)စုံ၊ Apron(၅)စုံ အား ပေးအပ်ထောက်ပံ့ခဲ့သည်။

 

ဝန်ကြီးနှင့်အဖွဲ့သည် တောကျောင်းကြီး ကျေးရွာဆင်ဖြူရှင် တံတားစစ်ဆေးရေးဂိတ်သို့ သွားရောက်ပြီး စစ်ဆေးနေမှု့ အခြေအနေများ၊ မကွေးတိုင်းမှ ဝင်ရောက်လာမှု့ အခြေအနေများ မေးမြန်းကာတာဝန်ယူ ဆောင်ရွက်နေသည့် ဝန်ထမ်းများကို အားပေးစကား ပြောကြား၍ နှာခေါင်းစည်းများ ပေးအပ်ထောက်ပံ့ခဲ့သည်။ ညနေပိုင်းတွင် ဝန်ကြီးနှင့် အဖွဲ့မုံရွာမြို့သို့ ပြန်လည်ထွက်ခွါသွားကြောင်း သိရှိရပါသည်။

 

ဝင်းမြင့်အောင်(ပြန်ဆက်)