စစ်ဘက်ဆိုင်ရာ ဂြိုဟ်တုရုရှား အောင်မြင်စွာ လွှတ်တင်

မော်စကို  ၇   ဩဂုတ်  

 

ရုရှားနိုင်ငံသည်  ကာဇက်စတန်နိုင်ငံရှိ  ဘိုင်ကိုနော ကော့စမိုဒရုန်း အာကာသ ဂြိုဟ်တု လွှတ်တင်ရေးစခန်းမှ  စစ်ဘက်ဆိုင်ရာ ဂြိုဟ်တုတစ်စင်းကို အင်္ဂါနေ့က အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း     ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။

 

ဝန်ကြီးဌာန၏ ဇဗက်စတာ  ရေဒီယိုအသံလွှင့်ဌာနက  ယင်းဂြိုဟ်တုကို နံနက်စောစောပိုင်းတွင် လွှတ်တင်ခဲ့သည်ဟု ကြေညာသည်။

 

ရုရှားကာကွယ်ရေးဝန်ကြီးဌာနသည် ယခုနှစ်တွင် ဘိုင်ကိုနောကော့စမိုဒရုန်း အာကာသဂြိုဟ်တု လွှတ်တင်ရေးစခန်းမှ  ဂြိုဟ်တုလွှတ်တင်မှုများကို ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း၊  ၂၀၂၀  ပြည့်နှစ်မှစ၍   ရုရှားနိုင်ငံ မြောက်ပိုင်း  အာခန်ဂဲဒေသရှိ    ပေါ်ဇက်စကိ  အာကာသဂြိုဟ်တု လွှတ်တင်ရေးစခန်းမှဂြိုဟ်တုများ လွှတ်တင်မည်ဖြစ်ကြောင်း ရုရှားအာကာသတပ်ဖွဲ့  ဒုတိယတပ်မှူး အီဂေါမိုရိုဇော့၏ ပြောကြားချက်ကို ကိုးကား၍ အဆိုပါ ရေဒီယိုသတင်းဌာနက သတင်းထုတ်လွှင့်ခဲ့ကြောင်း သိရသည်။  


ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အောင်ဇော်လင်း