စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည် ဟောပြောပွဲရုပ်ပုံကြည့်ပုံပြောပြိုင်ပွဲ ကျင်းပ

ကျိုက်မရော ၄ အောက်တိုဘာ

 

ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် ယနေ့နံ နက်၉နာရီက ကြခတ်ကုန်းကျေးရွာ အမက(မူလွန်)ကျောင်းခန်း မ၌စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်ဟောပြောပွဲ နံရံကပ်စာစောင်ပြသခြင်း ရုပ်ပုံကြည့်ပုံပြောပြိုင်ပွဲများကို ကျင်းပပြလုပ်ခဲ့သည်။

 

ရှေးဦးစွာ အမကလွန်ကျောင်းအုပ်ဆရာကြီး ဦးမင်းဦးက ကလေးများစာဖတ် စွမ်းရည်မြင့်မားစေရန်နှင့် ကျောင်းစာအပြင်ပြင်ပဗဟုသုတများ ရရှိစေရန်အတွက် အခုလိုဟောပြောပွဲများ ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း ဟောပြောပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဒေါ်ချိုမြတ်မြတ်ထွေးက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့် ကျောင်းသားကျောင်းသူများအား ရုပ်ပုံကြည့်ပုံပြောပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့သည်။

 

ထို့နောက် လူကုန်ကူးမူတားဆီးကာကွယ်ရေး ပညာပေးပြခန်း  ယာဉ်စည်းကမ်း လမ်းစည်းကမ်း ပညာပေးပြခန်းများနှင့် မြို့နယ်ဖွံ့ဖြိုးမှု မှတ်တမ်းပုံများ သဘာဝဘေးပညာပေး ပြခန်းများကို ပြသထားရာ ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြသည်။

 

ချိုမြတ်မြတ်ထွေး( ပြန်/ ဆက် )