စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေ ၂၀၁၉ “သဘင်နှင့် ရုပ်ရှင်ဆိုင်ရာ စကားဝိုင်း” ကျင်းပမည်

ရန်ကုန် ၂၉ ဩဂုတ် 


မြန်မာနိုင်ငံအသိဉာဏ်ပစ္စည်းဆိုင်ရာ  လုပ်ငန်းရှင်များအသင်း (MIPPA) က  ကြီးမှူး၍    Mahar Mobile App  နှင့် Tilleke & Gibbins တို့၏ပံ့ပိုးကူညီမှုဖြင့်        စာပေနှင့်အနုပညာ    မူပိုင်ခွင့်ဥပဒေ    ၂၀၁၉    “သဘင်နှင့်  ရုပ်ရှင်ဆိုင်ရာ စကားဝိုင်း” ကို အမှတ် (၂၉) မင်းရဲကျော်စွာလမ်း      လမ်းမတော်မြို့နယ်ရှိ့ UMFCCI  မင်္ဂလာခန်းမ၌  ဩဂုတ်၃၀ ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ   ကျင်းပမည်ဖြစ်ကြောင်း    သိရသည်။


အဆိုပါစကားဝိုင်းတွင်  သဘင်ဆိုင်ရာ   မူပိုင်ခွင့်နှင့်ပတ်သက်သော အကြောင်းများကို      ဒေါ်ပတ္တမြား ကေခိုင်က   ဦးဆောင်ဆွေးနွေးမည်ဖြစ်ပြီး    သဘင်တီးဝိုင်းများအခန်း ကဏ္ဍအတွက် မြန်မာပြည်ကျောက်စိမ်း၊ ပြဇာတ်ဆိုင်ရာ အခန်းကဏ္ဍအတွက် ဦးဟန်ဇာမိုးဝင်းနှင့်  ဥပဒေပိုင်းဆိုင်ရာ အတွက်        ဥပဒေပညာရှင်ရှေ့နေ ဦးနွယ်ဦးတို့ကလည်းကောင်း၊  ရုပ်ရှင်ဆိုင်ရာ   မူပိုင်ခွင့်နှင့်ပတ်သက်သော အကြောင်းများကို ဦးအောင်စိုးဦးက လည်းကောင်း  ဦးဆောင်ဆွေးနွေး မည်ဖြစ်ပြီး ထုတ်လုပ်သူများ    အခန်း ကဏ္ဍအတွက်  ဒေါ်ဆွေဇင်ထိုက်၊   ဖြန့်ချိသူများ  အခန်းကဏ္ဍအတွက် ဦးဝင်းခိုင်နှင့် Post Production and Editing အခန်းကဏ္ဍအတွက်ဦးဝဏ္ဏကျော် တို့က လည်းကောင်း ပါဝင်ဆွေးနွေးကြမည်ဖြစ်သည်။


ယခု  ကျင်းပမည့်   “သဘင်နှင့်ရုပ်ရှင်ဆိုင်ရာ  စကားဝိုင်း” သည် ၂၀၁၉ ခုနှစ် မေလတွင် ပြည်ထောင်စုလွှတ်တော်မှ  အတည်ပြုပြဋ္ဌာန်းခဲ့သော “စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေ” ကို သဘင်နှင့် ရုပ်ရှင်အသိုင်းအဝိုင်းမှ  ပညာရှင်များက  အားသာ ချက်၊  အားနည်းချက်များနှင့်  နည်းဥပဒေထွက်ရှိပါက သဘင်နှင့် ရုပ်ရှင်မှ အနုပညာရှင်များက ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အနာဂတ်တွင် အနုပညာလုပ်ငန်းများကို စနစ်တကျ    တီထွင်ဖန်တီးထုတ်လုပ်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်း ဖြစ်သည်။


မြန်မာနိုင်ငံ  အသိဉာဏ်ပစ္စည်းဆိုင်ရာ   လုပ်ငန်းရှင်များအသင်း (MIPPA) မှ SExecutive Officer ဦးကျော်လင်းက    MIPPA အနေဖြင့်  နောက်လများတွင်  ယခုကဲ့သို့စာပေနှင့်  အနုပညာမူပိုင်ခွင့်ဥပဒေ ၂၀၁၉ နှင့် ပတ်သက်သော  မူပိုင်ခွင့်ဆိုင်ရာ စကားဝိုင်းများ  ဆက်လက်ပြုလုပ်ရန်   အစီအစဉ်ရှိကြောင်း၊ စကားဝိုင်း ခေါင်းစဉ်များကို “ပန်းချီနှင့်  ဓာတ်ပုံအနုပညာရှင်များ စကားဝိုင်း”၊ “ကာတွန်းနှင့် Digital Arts အနုပညာရှင်များစကားဝိုင်း” စသည့် ခေါင်းစဉ်များပေးရန် ရည်ရွယ်ထားကြောင်း ပြောသည်။


သဘင်နှင့် ရုပ်ရှင်ဆိုင်ရာစကားဝိုင်းတွင်  မျက်မှောက်ခေတ်    ကြုံတွေ့ရသည့် မူပိုင်ခွင့်ဆိုင်ရာ ပြဿနာများ၊ မူပိုင်ခွင့်ဥပဒေနှင့်  သက်ဆိုင်သော အကြောင်းအရာများကို ဆွေးနွေးကြမည်ဖြစ်ရာ သဘင်နှင့် ရုပ်ရှင်ဆိုင်ရာ  အသိုင်းအဝိုင်းမှ  အနုပညာရှင်များ၊ ဒါရိုက်တာများ၊    ထုတ်လုပ်သူများ၊ တီထွင်ဖန်တီးသူ အနုပညာရှင်များ၊ မူပိုင်ခွင့်ဥပဒေများကို လေ့လာလိုက်စားသူများ၊ စိတ်ပါဝင်စားသူများ   တက်ရောက်နိုင်ကြောင်းနှင့် တက်ရောက်လိုသူများအနေဖြင့် ဩဂုတ်  ၂၉  ရက် မွန်းလွဲ  ၁  နာရီနောက်ဆုံးထား၍ ဖုန်း-ဝ၉- ၅၁၄၃၄၁၉၊      ဝ၇၉၈၄၃၃၁၈၃၊  Email: [email protected], ipamyanmar14 @gmail.com သို့ ကြိုတင်စာရင်း ပေးသွင်းနိုင်ကြောင်း သိရသည်။ 

 

သတင်းစဉ်