စာပေဗိမာန်စာမူဆု(၂၀၁၉) ဘာသာပြန်စာမူပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်စာမူပြဋ္ဌာန်း

ရန်ကုန် ၇ ဇွန် 

 

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေး နှင့် ထုတ်ဝေရေးဦးစီးဌာန စာပေ ဗိမာန်သည် ဘာသာပြန်စာပေ ဖွံ့ဖြိုးရေးနှင့် ဘာသာပြန်ဝါသနာရှင် များ တိုးတက်ရေးအတွက် စာပေဗိမာန်စာမူဆု၊ ဘာသာပြန်စာမူ ပြိုင်ပွဲကို နှစ်စဉ် ဖိတ်ခေါ်ကျင်းပ လျက်ရှိရာ ၂၀၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု၊ ဘာသာပြန် စာမူပြိုင်ပွဲအတွက် ပြဋ္ဌာန်းစာအုပ်များကို စတင်ရောင်းချလျက် ရှိသည်။

 

ယခင်နှစ်များတွင် ဘာသာပြန် စာမူပြိုင်ပွဲ၌ သုတဘာသာရပ် တစ်မျိုးသာ ပြဋ္ဌာန်းခဲ့သော်လည်း ၂၀၁၉ ခုနှစ်အတွက် စာပေဗိမာန် စာမူဆုမှစ၍ ဘာသာပြန်(သုတ)နှင့် ဘာသာပြန်(ရသ)ဟူ၍ နှစ်မျိုး ခွဲလျက် ပြဋ္ဌာန်းလိုက်ပါသည်။

 

၂၀၁၉ ခုနှစ်အတွက် ဘာသာပြန် (ရသ) ပြဋ္ဌာန်းစာအုပ်မှာ V.S NAIPAUL ရေးသားသည့် COLLECTED SHORT FICTION စာအုပ်ဖြစ်ပြီး ဘာသာပြန် (သုတ) ပြဋ္ဌာန်းစာအုပ်မှာ MIKE GONZALEZ and MARIANELLA YANES တို့ ရေးသားသည့် THE LAST DROP : The Politics of Water စာအုပ်ဖြစ်ပါသည်။

 

ယင်းစာအုပ်များကို အမှတ် ၅၂၉-၅၃၁ ကုန်သည်လမ်း ရန်ကုန်မြို့ရှိ စာပေဗိမာန် အရောင်းဆိုင် ဖုန်း ၀၁-၃၈၁၄၄၈၊ သပြေကုန်း နေပြည်တော်ရှိ စာပေဗိမာန်အရောင်းဆိုင် ဖုန်း ၀၆၇-၃၄၀၄၁၆၈၊ ၈၆လမ်း ၂၁x၂၂ ကြား အောင်မြေသာစံမြို့နယ် မန္တလေးမြို့ရှိ စာပေဗိမာန်အရောင်းဆိုင် ဖုန်း ၀၂-၄၀၃၀၁၈၆ တို့တွင် COLLECTED SHORT FICTION စာအုပ်ကို တန်ဖိုး ငွေကျပ် ၅၀၀၊ THE LAST DROP : The Politics of Water စာအုပ်ကို တန်ဖိုးငွေကျပ် ၇၀၀ တို့ဖြင့် ဝယ်ယူ ရရှိနိုင်ပါသည်။

 

ပြိုင်ပွဲဝင် စာမူတင်သွင်းရာတွင် သတ်မှတ်ထားသည့် ပြိုင်ပွဲဝင်ပုံစံဖြင့် တင်သွင်ခြင်းကိုသာ လက်ခံမည်ဖြစ်ပါ သည်။ ပြိုင်ပွဲဝင်ပုံစံနှင့် စည်းကမ်း ချက်များကို ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန၏ Website www.moi.gov.mm/ppd တွင် အခမဲ့သော် လည်းကောင်း၊ စာပေဗိမာန်ရုံးတွင် ငွေကျပ် ၂၀၀ ဖြင့် သော်လည်း ကောင်း ဝယ်ယူရရှိနိုင်ပါသည်။ နယ်မှ ပြိုင်ပွဲဝင်လိုသူများသည် စာအုပ်တန်ဖိုးနှင့် စာအုပ်ပို့ခ အပါ အဝင် စုစုပေါင်း ငွေကျပ် ၂၅၀၀ ကို ငွေပို့လွှာဖြင့် ဥက္ကဋ္ဌ စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှု ကော်မတီ၊ စာပေဗိမာန်ရုံး အမှတ် ၅၂၉-၅၃၁ ကုန်သည်လမ်း ကျောက်တံတား မြို့နယ် ရန်ကုန်မြို့ ဖုန်း ၀၁-၃၈၁ ၄၄၉ သို့ လိပ်မူ၍ မှာယူနိုင်ပါသည်။

 

ပြိုင်ပွဲဝင် စာမူများကိုလည်း ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၅ ရက် နောက်ဆုံးထား၍ ယင်းလိပ်စာ သို့ပင် လိပ်မူ၍ ပေးပို့ယှဉ်ပြိုင်နိုင်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်