ဗန်းမောက်မြို့နယ်လုံးဆိုင်ရာ စာအောင်သံဃာတော် စာသင်းသားသံဃာအပါး(၁၀၄)ပါးအား ဂုဏဝိသိဋ္ဌ မင်္ဂလာအခမ်းအနားကျင်းပ

ဗန်းမောက်၊ ၁၄  ဇွန်

 

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့ မြို့မပရိယတ္တိ စာသင်တိုက်တွင် ဇွန်၁၄ရက် မွန်းလွဲ၁နာရီက ဗန်းမောက်မြို့နယ်လုံးဆိုင်ရာ စာအောင်သံဃာတော် စာသင်သား သံဃာအပါး (၁၀၄)ပါးတို့အား ဂုဏဝိသိဋ္ဌဂုဏ်ပြုဆုပေးခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

  

ထို့နောက် သာသနာရေးဦးစီးဌာနမှ ကြီးမှူကျင်းပသည့် ၁၃၈၁-ခုနှစ်တွင် ကျင်းပပြုလုပ်အပ်သော စာမေးပွဲများတွင် အောင်မြင်တော်မူခဲ့ကြသည့် သာသနာ့ဓဇဓမ္မာစရိယ ဘွဲ့တံဆိပ်တော်ရရှိတော်မူ ကြကုန်သော ထေရ်အရှင်(၁၃)ပါးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် တစ်ပါးလျှင် ဝတ္ထုငွေကျပ် ၅ သိန်း၊ အခြေပြုမူလတန်းအောင်(၂၁)ပါးအား တစ်ပါးလျှင် ဝတ္ထုငွေကျပ် ငါးသောင်း၊ ပထမငယ်တန်း အောင်(၄၁)ပါးအား တစ်ပါးလျှင် ဝတ္ထုငွေကျပ်တစ်သိန်း၊ ပထမလတ်တန်းအောင် အပါး (၂၀)အား တစ်ပါးလျှင်ဝတ္ထုငွေကျပ် တစ်သိန်းခွဲနှင့် ပထမကြီးတန်းအောင်(၉)ပါးအား တစ်ပါးလျှင်ဝတ္ထုငွေကျပ် နှစ်သိန်းတို့အား ကြွရောက်လာကြသော ဆရာတော် သံဃာတော်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်တော်မူခဲ့ကြကြောင်း သိရသည်။

 

လှိုင်ဘွား(ဗန်းမောက်)

mdn