​​​​​​​ဗိုင်းရပ်စ်ပိုးနဲ့ ဆင်းရဲမွဲတေမှုကြောင့် အရွယ်မရောက်သေးသူ အိမ်ထောင်ပြုမှု အင်ဒိုနီးရှား နိုင်ငံမှာ များပြားလာ

၂ စက်တင်ဘာ

 

 

အင်ဒိုနီးရှား နိုင်ငံဟာ ကမ္ဘာမှာ အရွယ်မရောက်သေးသူ အိမ်ထောင်ပြုဦးရေ အများဆုံး နိုင်ငံတွေထဲမှာ ပါဝင်ကြောင်း ယူနီဆက်ရဲ့ ထုတ်ပြန်ချက်ရ သိရပါတယ်။ 

 

 

အင်ဒိုနီးရှား နိုင်ငံမှာ အမျိုးသား/အမျိုးသမီး နှစ်မျိုးစလုံးအတွက် ထိမ်းမြားလက်ထပ်နိုင်တဲ့ အသက်အရွယ်ကို ၁၆ နှစ်ကနေ ၁၉ နှစ်အထိ တရားဝင် တိုးမြှင့်သတ်မှတ်ပေမယ့် ဉပဒေရဲ့ ယိုပေါက်တွေကို အသုံးပြုပြီး အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေ အိမ်ထောင်ပြုမှုတွေ ရှိနေပါတယ်။

 

 

 

ကလေးငယ်တွေဟာ မိသားစု အတွင်းမှာ ဆင်းရဲမွဲတွေမှုကြောင့် လက်ထပ်ရန် ဖိအားပေးခြင်း ခံရပါတယ်။

 

 

အင်ဒိုနီးရှား နိုင်ငံမှာ လူဦးရေ သန်း ၂၇၀ ရှိနေကြောင်း သိရပါတယ်။ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်မှုကြောင့် ကျောင်းတွေ ပိတ်ထားတဲ့အတွက် ၂၀၂၁ ခုနှစ်ဟာ ကလေးငယ် မွေးဖွားနှုန်း များလာနိုင်ကြောင်း   အင်ဒိုးနီးရှား နိုင်ငံရဲ့ family planning agency က သတိပေးထားပါတယ်။

 

 

လက်ရှိ အချိန်မှာ အသက် ၁၈ နှစ်အရွယ် ရောက်နေတဲ့ အိမ်ထောင်ရှင်မ လော်ရာ က သူမ အိမ်ထောင်ပြုစဉ်က အသက် ၁၅ နှစ်အရွယ် ၉ တန်းကျောင်းသူ ဖြစ်ပါတယ်။ သူမရဲ့ ခင်ပွန်းလောင်းက အိမ်ကို ဧည့်သည်အဖြစ် လာရောက်ခဲ့ကြောင်း၊ သူမရဲ့ အိပ်မက်က အောင်မြင်တဲ့သူ တစ်ယောက် ဖြစ်ချင်ပေမယ့် အခုတော့ မြင်တဲ့ အတိုင်းပါဘဲလို့ ပြောပါတယ်။

 

 

အင်ဒိုနီးရှားနိုင်ငံက Save the Children အဖွဲ့ရဲ့ တာဝန်ရှိသူ တာတာ က တချို့ရွာတွေမှာ မိန်းကလေးငယ်တွေကို အမျိုးသားတွေ လာရောက်ကြောင်းလမ်းရင် မိဘတွေက ချက်ချင်း လက်ခံတာမျိုး လုပ်လေ့ရှိတယ်။ ရွာတွေမှာ အသက် ၁၈ ၊ ၁၉ နှစ်အရွယ် မိန်းကလေးတွေဟာ အိမ်ထောင်မပြုသေးရင် အပျိုကြီးလို့ သတ်မှတ်တာမျိုး ရှိကြောင်းနဲ့ ရွာတွေမှာ အထက်တန်းကျောင်း မရှိတဲ့အတွက် မိန်းကလေးငယ်တွေဟာ အလယ်တန်းပြီးရင် အိမ်ထောင်ပြုခြင်းမှာ အဆုံးသတ်လေ့ ရှိကြောင်း ပြောပါတယ်။ ဒါ့အပြင် အဲဒီလိုရွာတွေမှာ မိသားစုတွေက ဆင်းရဲတဲ့အတွက် သမီးတွေကို အိမ်ထောင်ချပေးပြီး သူတို့ရဲ့ တာဝန်တွေကို လျှော့ချလေ့ရှိတယ်လို့ တာတာ က ဆက်ပြောပါတယ်။

 

 

အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေ လက်ထပ်မှု များပြားတဲ့ နိုင်ငံတွေကတော့ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ပါကစ္စတန် နဲ့ ဗီယက်နမ် နိုင်ငံတွေဖြစ်ကြောင်း ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

 

နှစ်စဉ် ကမ္ဘာတစ်ဝန်းမှာ ၁၈ နှစ်မပြည့်သေးတဲ့ မိန်းကလေးငယ် ၁၂ သန်း ထိမ်းမြားလက်ထပ် နေရကြောင်း ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

 

MDN

ကိုးကား - AFP