၂၄ စက်တင်ဘာ
ဆွစ်ဇာလန်နိုင်ငံက ဟိုတယ်စီမံခန့်ခွဲမှု EHL Hospitality Management School of Lausanne ကျောင်းမှာ ပါတီပွဲအပြီး ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ရာဗဟိုဖြစ်ခဲ့တဲ့အတွက် ကျောင်းသားကျောင်းသူ ၂,၅၀၀ ကို အသွားအလာ ကန့်သတ်လိုက်ကြောင်း သိရပါတယ်။
ကျောင်းသာကျောင်းသူတွေဟာ ကျောင်းဝန်းထဲမှာပဲ စက်တင်ဘာ ၂၈ ရက်အထိ နေရာမှာဖြစ်ကြောင်း သိရပါတယ်။
EHL ဟာ ကမ္ဘာ့အဆင့်တစ်ရှိတဲ့ ဟိုတယ်စီမံခန့်ခွဲမှုကျောင်းဖြစ်ရာ သုံးနှစ်ပညာသင်ကြေးဟာ အမေရိကန်ဒေါ်လာ ၁၆၀,၀၀၀ ပေးရပြီး နိုင်ငံတကာက ကျောင်းသားကျောင်းသူတွေ ဆွဲဆောင်မှု ရှိနေပါတယ်။
ဒေသတွင်းအမိန့်အရ ပါတီနဲ့ကပွဲတွေ ကျင်းပခွင့်မပိတ်ခင်မှာ ကျင်းပခဲ့တဲ့ ကျောင်းသားကျောင်းသူတွေရဲ့ ပါတီပွဲကနေ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခဲ့တာ ဖြစ်ပါတယ်။
ဒေသတွင်းအမိန့်အရ လူ ၁၀၀ ထက်ပိုပြီး စုဝေးခွင့်မရှိကြောင်း၊ လူမြင်ကွင်းမှာ မျက်နှာဖုံးဝတ်ကို ဝတ်ဆင်ရမှာဖြစ်ကြောင်း သိရပါတယ်။
လူဦးရေ ၈ ဒသမ ၅ သန်းနေထိုင်တဲ့ ဆွစ်ဇာလန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်သူ စုစုပေါင်း ၅၁,၀၀၀ ရှိပြီး ၁၇၇၂ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP