ဗိုင်းရပ်စ်ပိုးကြောင့် လေကြောင်းလိုင်းတွေရဲ့ ဝင်ငွေ အမေရိကန် ၅ ဘီလီယံ လောက် ဆုံးရှုံးနိုင်ကြောင်း လေ့လာတွေ့ရှိ

၁၄ ဖေဖော်ဝါရီ

 

တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကိုဗစ်19 ဗိုင်းရပ်စ်ပိုးကြောင့် ကမ္ဘာတစ်ဝန်းက လေကြောင်းလိုင်းတွေရဲ့ ဝင်ငွေ အမေရိကန်ဒေါ်လာ ၄-၅ ဘီလီယံလောက် ဆုံးရှုံးနိုင်ကြောင်း နိုင်ငံတကာ ခရီးသည်​လေကြောင်း အဖွဲ့က ကြာသပတေးနေ့က ပြောကြားပါတယ်။

 

လေကြောင်းလိုင်း ၇၀ နီးပါးက တရုတ်နိုင်ငံကို အဝင်အထွက် မလုပ်တော့ပေမယ့် လေကြောင်းလိုင်း ၅၀ ကတော့ ခရီးစဉ်တွေလျော့ချထားကြောင်း ကုလသမဂ္ဂအဖွဲ့က ပြောပါတယ်။ အဲဒါကြောင့် ဝင်ငွေ ၅ ဘီလီယံအထိ ဆုံးရှုံးနိုင် တယ်လို့ ခန့်မှန်းတာဖြစ်ပါတယ်။

 

တရုတ်နိုင်ငံကို အဝင်အထွက် လုပ်တဲ့ နိုင်ငံခြားလေကြောင်းလိုင်းတွေမှာလည်း တင်ဆောင်တဲ့ ခရီးသည် အင်အားရဲ့ ၈၀ ရာခိုင်နှုန်းအထိ ကျဆင်းနေကြောင်း သိရပါတယ်။

MDN

ကိုးကား- AFP