ဗိုင်းရပ်စ်ပိုး ကူးစက်မှု များပြားလာတဲ့အတွက် မက်ဒရစ်မြို့မှာ နေအိမ်တွင် နေထိုင်ရေး အစီအစဉ်စတင်

၂၁ စက်တင်ဘာ

စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု များပြားလာတဲ့အတွက် နေအိမ်တွင် နေထိုင်ရေး (stay-at-home) အစီအစဉ်ကို ဒီနေ့ (တနင်္လာနေ့) ကစပြီး သီတင်းနှစ်ပတ် ပြဋ္ဌာန်းလိုက်ကြောင်း သိရပါတယ်။

လူဦးရေ ၁ သန်း နီးပါးနေထိုင်တဲ့ မက်ဒရစ်မြို့အတွင်းနဲ့ အပြင်မှာ နေထိုင်သူအားလုံးအပေါ် အခု ပြဋ္ဌာန်းထားတဲ့အမိန့်က သက်ဝင်မှာဖြစ်ကြောင်း သိရပါတယ်။

ကျန်းမာရေးဝန်ထမ်းများ၊ အရေးကြီးလုပ်ငန်းတွေမှ လုပ်သားများနဲ့ ကလေးငယ်တွေကို ကျောင်းလိုက် ပို့သူတွေမှလွဲပြီး သွားလာခွင့်မရှိကြောင်း၊ ပန်းခြံတွေ ပိတ်ထားကြောင်းနဲ့ စီးပွားရေးလုပ်ငန်းတွေ ဟာလည်း ည ၁၀ နာရီမှာ ပိတ်ရမယ်လို့ သိရပါတယ်။ 

စက်တင်ဘာလရဲ့ သီတင်းနှစ်ပတ်အတွင်းမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၁၂၀,၀၀၀ နီးပါးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စပိန်နိုင်ငံမှာ ကပ်ရောဂါပိုးကြောင့် သေဆုံးသူဟာ ၃၀,၄၉၅ ဦးရှိပြီး ပိုးတွေ့ရှိသူ ၆၅၉,၃၃၄ ဦးရှိကြောင်း သိရပါတယ်။

MDN

ကိုးကား - AFP