ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်တွင် ဂဠုန်ဦးစော နေရာ၌သရုပ်ဆောင်ရန်အတွက် လျှောက်ထားနိုင်

ရန်ကုန် ၁၂  ဇွန်

 

ဗိုလ်ချုပ်အောင်ဆန်းအထိမ်းအမှတ် အောင်ဆန်းရုပ်ရှင်ဇာတ်ကားကြီးတွင် ဂဠုန်ဦးစော နေရာ၌ ပါဝင် သရုပ်ဆောင်ရန် ရွေးချယ်ခံထားရသည့် ဂဠုန်ဦးစော၏ မြစ်ဖြစ်သူ ဇော်ဇော်ပိုင်က မိဘအုပ်ထိန်း သူများ၏ သဘောဆန္ဒအရ ပါဝင်သရုပ်ဆောင်ရန်အတွက် မဖြစ်နိုင်တော့ခြင်းကြောင့် ဂဠုန်ဦးစော ဇာတ်ရုပ်တွင် ပါဝင်သရုပ်ဆောင်ရန်အတွက် လျှောက်ထားနိုင်ကြောင်း ရုပ်ရှင်ဖြစ်မြောက်ရေး ကော်မတီမှ သိရှိရသည်။

 

ဂဠုန်ဦးစော၏ နေရာတွင် သရုပ်ဆောင်ရန် စိတ်ဝင်စားသူများအနေဖြင့် အမြန်ဆုံးလာရောက် လျှောက်ထား နိုင်ကြောင်း နှင့် အသက်အရွယ် ၊ အရပ်အမောင်း အနည်းငယ်ကွာဟမှု ရှိခဲ့လျင်လည်း ရုပ်ရည်ဆင်တူမှုနှင့် အမူအရာကောင်းမွန်မှုအပေါ် မူတည်၍ ထည့်သွင်းစဉ်းစားမည် ဖြစ်ကြောင်း သိရှိရသည်။

 

လျှောက်ထားလိုသူများသည် ကိုယ်ရေးအချက်အလက်များဖြည့်စွက်ကာ ကွန်ပျူတာပြုပြင်ချက်များ မပါသည့် မိမိဓာတ်ပုံ ၅ လက်မ-၇ လက်မ အရွယ် ကိုယ်တစ်ပိုင်းပုံနှင့် တစ်ကိုယ်လုံးပုံတစ်ပုံစီနှင့်အတူ အောင်ဆန်းရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေးလုပ်ငန်းကော်မတီရုံးခန်းရှိရာ အမှတ် ၁၃၁ ကမ္ဘာအေး ဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့သို့ ပေးပို့နိုင်ကြောင်းနှင့် လိုအပ်ပါကလည်း ဖုန်းနံပါတ် ဝ၉-၄၀ဝ၇၆၀ဝ၁၁၊ ဝ၉-၆၉၉၉၈၁၀၃၈ တို့ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရှိရသည်။ အောင်ဆန်း ရုပ်ရှင်လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှလည်း ဆက်သွယ်နိုင်ပြီး ဇွန် ၃၀ ရက် နောက်ဆုံးထားလျှောက်ထားနိုင်ကြောင်း သိရှိရသည်။

 

ကိုလင်း