၃ ဇွန်
ဗီယက်နမ်နိုင်ငံတွင် ယခုနှစ်ပထမ ငါးလအတွင်း မီးလောင်မှုနှင့် ပေါက်ကွဲမှု စုစုပေါင်း ၁၂၅၉ ခု ဖြစ်ပွားခဲ့သဖြင့် ၄၁ ဦး သေဆုံးပြီး အခြား ၉၃ ဦး ဒဏ်ရာရရှိခဲ့သည်။
အဆိုပါ မီးလောင်ပေါက်ကွဲမှုများကြောင့် ဗီယက်နမ် ဒေါင် ၂၉၈ ဘီလီယံခန့် ဆုံးရှုံးခဲ့ကြောင်း မီးဘေး ကာကွယ်ရေးနှင့် မီးသတ်ဌာန က ယနေ့တွင် ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ် ပထမ ငါးလက မီးလောင်မှုနှင့် ပေါက်ကွဲမှုပေါင်း ၁၅၈၁ ခု ဖြစ်ပွားခဲ့သည်။ ယင်းမီးလောင်မှုကြောင့် ၅၅ ဦး သေဆုံးခဲ့ပြီး အခြား ၈၃ ဦး ဒဏ်ရာရရှိခဲ့သည်။ ဗီယက်နမ် ဒေါင် ၄၈၄ ဘီလီယံ ဆုံးရှုံးမှု ဖြစ်ပွားခဲ့သည်။
၂၀၁၉ ခုနှစ်က နိုင်ငံအတွင်း မီးလောင်မှုနှင့် ပေါက်ကွဲမှု ၃၇၅၅ ခု ဖြစ်ပွားကာ ၁၁၂ ဦး သေဆုံးပြီး ၁၇၇ ဦး ဒဏ်ရာရရှိခဲ့သည်။ ယင်းဖြစ်ပွားမှုကြောင့် ဗီယက်နမ် ဒေါင် ၁၄၀ဝ ဘီလီယံ ဆုံးရှုံးသွားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို