ဗီယက်နမ်တောင်ပိုင်းတွင် မီးလောင်မှုကြောင့် ငါးဦးသေဆုံး

ဗီယက်နိုင်ငံတောင်ပိုင်း ဟိုချီမင်းမြို့တော်တွင် ယနေ့ နံနက်အစောပိုင်း မီးလောင်မှုကြောင့် ငါးဦး သေဆုံးခဲ့ကြောင်း ဗီယက်နမ်သတင်းဌာနက ထုတ်ပြန်ခဲ့သည်။

 

အဆိုပါ မီးလောင်မှုသည် ယနေ့နံနက် လေးနာရီအချိန်တွင် ဟိုချီမင်းခရိုင် နောက်ဖေးလမ်းကြား အိမ်တစ်အိမ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် အမျိုးသမီးသုံးဦးနှင့် အမျိုးသားနှစ်ဦး သေဆုံးခဲ့ကြောင်း အဆိုပါ သတင်းဌာနက ထုတ်ပြန်ခဲ့သည်။

 

အခင်းဖြစ်ပွားရာ နေရာသို့ မီးသတ်ကားသုံးစီးနှင့် မီးသတ်သမား ၂၂ဦးတို့ လာရောက်ငြှိမ်းသတ်ခဲ့ကြသည်။ မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းကိုမူ စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။

 

၂၀၁၉ ခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံတွင် ပေါက်ကွဲမှုနှင့် မီးလောင်မှုပေါင်း ၃၇၅၅မှုကို မှတ်တမ်းတင်နိုင်ခဲ့ပြီး လူပေါင်း ၁၁၂ဦးသေဆုံးခဲ့ပြီး ၁၇၇ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ မီးလောင်မှုကြောင့် ဗီယက်နမ် ဒေါင်ဘီလီယံ  ၁၄၀ဝ(အမေရိကန်ဒေါ်လာ ၆၀.၉သန်း)ဆုံးရှုံးခဲ့ရကြောင်း ဗီယက်နမ်နိုင်ငံမီးဘေးကာကွယ်ရေးနှင့် မီးသတ်ဌာနက ထုတ်ပြန်ခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်

 

mdn