ဗီယက်နမ်နိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၄၈၄၀ ထပ်မံတွေ့ရှိ

ဟနွိုင်း ဒီဇင်ဘာ ၈

 

ဗီယက်နမ်နိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၄၈၄၀ ထပ်မံတွေ့ရှိကြောင်း၊ ယင်းလူဦးရေအနက် ၁၄၈၃၅ ဦးသည် ပြည်တွင်း၌ ကူးစက်ခံရသူများဖြစ်ကြောင်းနှင့် ငါးဦးသည် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများ အနက်မှ ကူးစက်ခံရခြင်းဖြစ်ကြောင်း ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။ ။

 

ကိုဗစ်-၁၉ ရောဂါ အစုလိုက်အပြုံလိုက် ကူးစက်ခံရမှုအများစုမှာ ဗီယက်နမ်နိုင်ငံတောင်ပိုင်းမှ ဖြစ်ကြောင်းနှင့် ဟိုချီမင်းစီးတီး၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၉၆၅ ဦး၊ ကန်သိုပြည်နယ်၌ ၈၉၈ ဦးနှင့် တေနင်ပြည်နယ်၌ ၈၆၉ ဦး အသီးသီးရှိကြောင်း သိရသည်။

 

လက်ရှိတွင် ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၁၃၃၇၅၂၃ ဦး ရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၂၆၇၀၀ ရှိကြောင်း ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။ ထို့ပြင် ဗီယက်နမ်နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူ ၁၂၄၉ ဦး ရှိခြင်းကြောင့် အဆိုပါ ရောဂါမှ ပြန်လည်ကျန်းမာလာသူပေါင်း ၁၀၁၁၆၅၆ ဦး ရှိလာကြောင်း သိရသည်။

 

ဗီယက်နမ်နိုင်ငံ၌ နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်အောက်တွင် ကာကွယ်ဆေးအလုံးရေ ၁၂၉ သန်းကျော် အသုံးပြု ပြီးဖြစ်ကြောင်းနှင့် ယင်းတို့အနက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ ၅၅ သန်းကျော်အား ဒုတိယအကြိမ်ထိုးနှံရာတွင် အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ၊

ဘာသာပြန်-အလင်းသစ်