ဘယ်လ်ဂျီယံနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု ဆန့်ကျင်ဆန္ဒပြပွဲ လူ ၁၅ ဦး ဒဏ်ရာရ

ဇန်နဝါရီ ၂၄

 

ဘယ်လ်ဂျီယံနိုင်ငံတွင် ကိုဗစ်ရောဂါကူးစက်မှုကို ထိန်းချုပ်ရန် ရည်ရွယ်သည့် အစိုးရ၏ကန့်သတ်ချက်များနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု ဆန့်ကျင်ဆန္ဒပြပွဲများကို ယမန်နေ့က လူအများအပြား ပြုလုပ်ခဲ့ကြသည်။ ဆန္ဒပြသူအချို့နှင့် ရဲတပ်ဖွဲ့အကြား ပဋိပက္ခဖြစ်ပွားခဲ့သည်။

 

ဘယ်လ်ဂျီယံမြို့တော် ဘရပ်ဆဲလ်ရှိ ဥရောပသမဂ္ဂဌာနချုပ်အနီးတွင် လူပေါင်း ၅၀၀၀၀ စုဝေးခဲ့ကြသည်ဟု အာဏာပိုင်များကဆိုသည်။

 

အစိုးရ၏ထိုအစီအမံများသည် ပြည်သူများ၏ လွတ်လပ်မှုနှင့်အခွင့်အရေးတို့ကို ချိုးနှိမ်ခြင်းဖြစ်သည်ဟု ဆန္ဒပြသူတစ်ဦးက ဆိုသည်။

 

အချို့သောဆန္ဒပြသမားများက အကြမ်းဖက်မှုလုပ်ဆောင်လာသည်။ အီးယူနှင့်ပတ်သက်သော အဆောက်အအုံ ဝင်ပေါက်ရှိ ပြတင်းပေါက်များကို ရိုက်ခွဲပြီး ပိတ်ဆို့ထားသော အတားအဆီးများများကို ပစ်ပေါက်ခဲ့ကြသည်။

 

ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများနှင့် မီးသတ်ပိုက်များသုံးကာ လူစုခွဲခဲ့သည်။  လူ ၁၅ ဦး ဒဏ်ရာရရှိခဲ့ပြီး လူပေါင်း ၆၀ ကျော်ကို ထိန်းသိမ်းထားခဲ့သည်။ ရဲအရာရှိများလည်း ဒဏ်ရာရရှိခဲ့ကြသည်။

 

ပြင်သစ်၊ စပိန်နှင့် အခြားဉရောပနိုင်ငံများတွင်လည်း အလားတူဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို